မန်ချက်စတာဒါဘီပွဲမှာ လူစားလဲခံခဲ့ရပါတယ်။

အဂူရိုကို ဆေးအဖွဲ့က ပေါင်ခြံကို ရေခဲထုပ်ကပ်ပေးထားခဲ့ရတာ ဖြစ်ပြီး ဒဏ်ရာအသေးစိတ်ကိုတော့ အသင်းက မထုတ်ပြန်ပေးသေးပါဘူး။

မန်ချက်စတာ ဒါဘီမှာ ၂-၀နဲ့ အရေးနိမ့်ခဲ့တဲ့ မန်စီးတီး နည်းပြ ဂွါဒီယိုလာအတွက် အဂူရိုက အနာပေါ် တုတ်ကျ စေခဲ့ပြန်ပါတယ်။


Fox Sports Asia ရဲ့ ဖော်ပြချက်မှာတော့ ပေါင်ခြံ ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းက ဂွါဒီယိုလာအတွက် နောက်ထပ် အထိနာစေခဲ့တာပဲ ဖြစ်ပါတယ်။

အားထားရတဲ့ အဓိက တိုက်စစ်မှူး အဂူရိုကို မန်စီးတီး ဆေးအဖွဲ့ဝင်တွေက ပွဲအပြီးမှာ ပေါင်ခြံကို ရေခဲထုပ် ပတ်ပေးထားခဲ့ရတာလည်း ဖြစ်ပါတယ်။

အဂူရိုရဲ့ ဒဏ်ရာက လာမယ့် အာဆင်နယ်အသင်းနဲ့ ကစားရမယ့် ပွဲကျန်ပွဲကို အဓိက စိတ်အနှောက် အယှက်ဖြစ်လာစေမှာပါ။

ဒဏ်ရာအသေးစိတ်ကိုတော့ မန်စီးတီးအသင်းက အသေးစိတ် မထုတ်ပြန်ပေးသေးပေမယ့် အဂူရို မပါဝင်နိုင်ဘူး ဆိုရင် မန်စီးတီး တိုက်စစ်ကို အားနည်းစေမှာ အမှန်ပါ။

မန်စီးတီးအတွက် အနီးစပ်ဆုံးပွဲတွေအဖြစ် အာဆင်နယ်၊ဘန်လေတို့နဲ့ လိဂ်ပွဲတွေပြီးလို့ မတ်လ ၁၇ရက်ကျရင် ရီးရဲ အသင်းနဲ့ ချန်ပီယံလိဂ် -၁၆သင်းအဆင့် ဒု-ကျော့ကို ဆက်လက်ကစားရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က