ဖာဂူဆန်ကတော့့ ၂၀၁၈ခုနှစ် မေလမှာ ဦးနှောက်သွေးယိုပြီး ဆေးရုံတက်ခဲ့ရတာပါ။
Kyaw Ko Ko Sint

အခုလို ရိုက်ကူးရတဲ့ ရည်ရွယ်ချက်ကတော့ ဘောလုံးလောကရဲ့ အကြီးကျယ် အခမ်းနားဆုံး နည်းပြဆရာ တစ်ဦး ရဲ့ လူသားဘဝ ဖြတ်သန်းရမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးတင်ဆက်ရခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်ဟာ ဦးနှောက် သွေကြောပေါက်ပြီး ဆေးရုံမှာ အပြင်းအထန် ဆေးကုသမှုတွေကို ခံယူခဲ့ရဖူးပါတယ်။

အဲ့ဒီအချိန်တုန်းက ဖာဂူဆန်တစ်ယောက် ဘဝမှာ အသက်အန္တရာယ်နဲ့ အနီးကပ်ဆုံး တိုက်ပွဲဝင်ခဲ့ရတဲ့ ဖြစ်စဥ်တွေ ကို သားဖြစ်သူက မှတ်တမ်း ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးပုံဖော်ထားတဲ့ ဗီဒီယိုတစ်ခု ပြန်လည်ဖော်ပြသွား မယ်လို့ Mirror သတင်းဌာနက ဖော်ပြလာပါတယ်။

ကင်မရာရိုက်ကူးမှုကတော့ ဖာဂူဆန်ရဲ့ အဆိုပါ ဝေဒနာကို စတင် ခံစားရချိန်နဲ့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရ တဲ့ ကာလတွေကို အဓိက ရိုက်ကူးထားတယ်လို့ သိရပါတယ်။

ဖာဂူဆန်ကတော့ ၂၀၁၈ခုနှစ် မေလတုန်းက အိမ်မှာ နေမကောင်း စတင်ဖြစ်ခဲ့ပြီးနောက် မန်ချက်စတာ အနီးက ဆဲလ်ဖို့ဒ်ရွိုင်ရယ်ဆေးရုံကို တင်လိုက်ရပါတယ်။

ဆေးရုံမှာတော့ ဖာဂူဆန်ကို အရေးပေါ် ကုသမှုတွေပြုလုပ်ပေးခဲ့ရပြီး ဖူဂူဆန်ဟာ ဦးနှောက်သွေးယိုတဲ့ ဝေဒနာ ခံစားနေရတာလို့ သိခဲ့ရပါတယ်။

အဆိုပါ ဖြစ်စဥ်တွေကို ပြန်လည်ရိုက်ကူးမယ့်သူကတော့ ဖာဂူဆန်ရဲ့ အသက် ၄၈နှစ်အရွယ်သားက နာရီပေါင်း ၅၀ ကြာအောင် အဖေဖြစ်သူနဲ့ ရုပ်ကဒ်တွေ ရိုက်ကူးပြီး ပြန်လည်တင်ဆက်မှာလည်း ဖြစ်ပါတယ်။

အခုလို ရိုက်ကူးရတဲ့ ရည်ရွယ်ချက်ကတော့ ဘောလုံးလောကရဲ့ အကြီးကျယ် အခမ်းနားဆုံး နည်းပြဆရာ တစ်ဦး ရဲ့ လူသားဘဝ ဖြတ်သန်းရမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးတင်ဆက်ရခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

အခု တင်ဆက်မယ့် ရုပ်ရှင်ထဲမှာ ဖာဂူဆန်တစ်ယောက် တစ်ကယ် ဖျားနာနေခဲ့ပြီး သတိလစ်မေ့မျောနေတဲ့ ဖြစ်စဥ် တွေလည်း ပါဝင်မှာပါ။

ဒီလို ဖာဂူဆန်တစ်ယောက် သတိလစ်မေ့မျောနေချိန်မှာချစ်ရတဲ့ မိသားစုတွေရဲ့ ပြုစုပေးခဲ့ကြတဲ့ အခိုက်အတန့် တွေက ဖာဂူဆန်တစ်ယောက် အသက်ရှင်နေရတဲ့ ဘဝမှာ အကြီးကျယ် အခမ်းအနားဆုံး ဖြစ်မှာအသေအချာပဲ လို့လည်း ထုတ်လုပ်သူ ဂျွန်က ဆိုပါသေးတယ်။

ဖာဂူဆန်ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းကို အောင်မြင်မှုများစွာ ရရှိအောင် နှစ်ပေါင်းများစွာ သစ္စာရှိရှိ ကိုင်တွယ်ပေးခဲ့သူ တစ်ဦး ဖြစ်ပြီး ၂၀၁၃ခုနှစ်မှာ နည်းပြဘဝက အနားယူသွားခဲ့သူပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က