တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှုနဲ့ ချီးကျူးစကားတွေဆိုခဲ့ကြပါတယ်။
Pyae Phyo Thein

လီဗာပူးလ်ကို အမှတ်ပေးဖလားရရှိအောင် ကလော့ပ်က စွမ်းဆောင်ပေးခဲ့ပြီးနောက်မှာ ဆာအဲလက်စ်ဖာဂူဆန်ကလည်း ချီးကျူးဂုဏ်ပြုစကားတွေပြောဆိုခဲ့ပါတယ်။


လီဗာပူးလ်အသင်းနည်းပြကြီး ကလော့ပ်ကတော့ ယူနိုက်တက်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်နဲ့ မနက်စာလက်ဆုံစားသောက်ခဲ့ရတာဟာ ပုပ်ရဟန်းမင်းကြီးကို ဖူးတွေ့ရသလိုမျိုးပဲလို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။ ကလော့ပ်ကတော့ လိဂ်မန်နေဂျာများအစည်းအရုံးက ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

လီဗာပူးလ်ကို အမှတ်ပေးဖလားရရှိအောင် ကလော့ပ်က စွမ်းဆောင်ပေးခဲ့ပြီးနောက်မှာ ဆာအဲလက်စ်ဖာဂူဆန်ကလည်း ချီးကျူးဂုဏ်ပြုစကားတွေပြောဆိုခဲ့ပါတယ်။ လီဗာပူးလ်အသင်း ဆုဖလားရရှိခဲ့ပြီးနောက်မှာ ကလော့ပ်ဆီက ဖုန်းခေါ်ဆိုမှုကို အံ့အားသင့်ဖွယ်ရာရရှိခဲ့တယ်လို့လည်း ဖာဂူဆန်က ပြောဆိုခဲ့ပါတယ်။

"သူတို့ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဆိုတာကို ပြောဖို့ ကျွန်တော့်ကို မနက် ၃နာရီခွဲလောက်မှာ ဖုန်းဆက်ပြီးနှိုးပြောခဲ့ပါတယ်၊ သူတို့အတွက် ဒါက ပျော်ရွှင်စရာဖြစ်လို့ ကျွန်တော်နားလည်ပေးရမှာပေါ့၊ ဘာပဲဖြစ်ဖြစ် သူတို့က ဆုဖလားရရှိဖို့အတွက် ထိုက်တန်ခဲ့ပါတယ်၊ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်" လို့ ဖာဂူဆန်က ပြောဆိုခဲ့ပါတယ်။

ကလော့ပ်ကလည်း "ဖာဂူဆန်က ကျွန်တော်ပထမဆုံးတွေ့ခဲ့ဖူးတဲ့ ဗြိတိန်နည်းပြါပ၊ ကျွန်တော်တို့ မနက်စာအတူစားသောက်ခဲ့ကြပြီးတော့ ဒါကို သူမှတ်မိချင်မှ မှတ်မိပါလိမ့်မယ်၊ ကျွန်တော်ကတော့ မှတ်မိနေပါတယ်၊ ဘာလို့လဲဆိုတော့ သူနဲ့ တွေ့ခွင့်ရခဲ့တာက ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ခဲ့ရသလိုမို့ပါ" လို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

ဆာအဲလက်စ်ဖာဂူဆန်ကတော့ ယူနိုက်တက်အသင်းကို ၂၇ နှစ်ကြာ နည်းပြအဖြစ် တာဝန်ယူပေးခဲ့သူဖြစ်ပါတယ်။ ၂၀၁၃ မှာ ယူနိုက်တက်နည်းပြဘဝကနေ အနားယူခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ်ဖလား ၁၃ လုံး၊ ချန်ပီယံလိဂ်ဖလား ၂လုံးအပါအဝင် အခြားသောဆုဖလားတွေကိုလည်း ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ 


Author


က္က