အသင်းပိုင်ရှင်အပြောင်းအလဲအတွက် ညှိနှိုင်းမှုတွေပြုလုပ်နေဆဲပါ။
Win Kyaw Min

လက်ရှိမှာတော့ တရုတ်စူပါလိဂ်ကလပ် ဒါလီယန်ယီဖန်းအသင်းကို တာဝန်ယူကိုင်တွယ်နေသူပါ။

၀ါရင့်နည်းပြတစ်ဦးဖြစ်သူ ဘင်နီတက််ဇ်ဟာ ပရီးမီးယားလိဂ်သို့တစ်ကျော့ပြန်ခြေချရန် ဆန္ဒရှိနေခဲ့ပြီး အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်လာဖို့ရှိနေတဲ့ အသင်းဟောင်းနယူးကာဆယ်အသင်းဆီပြ န်လာ ဖို့ ရှိနေတယ်လို့ thesun ကဖော်ပြလာပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသားဘင်ဆယ်လ်မန်အနေနဲ့ ပရီးမီးယားလိဂ်ကလပ်နယူးကာဆယ်အသင်းကို ဝယ် ယူဖို့ဆန္ဒရှိနေပြီး ညှိနှိုင်းမှုအချို့အဆင်ပြေနိုင်ဖွယ်ရှိနေတဲ့အတွက် အသင်းပိုင်ရှင်အပြောင်းအလဲဖြ စ်ေ ပါ်လာဖို့ရှိနေတာလည်းဖြစ်ပါတယ်။



နယူးကာဆယ်အသင်းပိုင်ရှင်မိုက်ခ်အက်ရှ်လေအနေနဲ့ အသင်းကို ရောင်းချဖို့အတွက်စီစဉ်နေဆဲဖြစ်ပြီး လက်ရှိမှာ ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ စိတ်ဝင်စားမှုကို ညှိနှိုင်းမှုအချို့ပြုလုပ်နေခြင်းနဲ့အတူ ပေါင်သန်း ၃၅၀ အထိတန်ကြေးရှိလာနိုင်တယ်လို့လည်း သတင်းဖော်ပြမှုများရှိနေခဲ့တာပါ။

ဘင်နီတက်ဇ်ရဲ့သတင်းထွက်ပေါ်မှုကို တရုတ်စူပါလိဂ်ကလပ် ဒါလီယန်ယီဖန်းအသင်းကတစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးသော်လည်း ချုပ်ဆိုထားတဲ့ ၂နှစ်၆လစာချုပ်အရ ၂နှစ်နီးပါးကျန်ရှိနေေ သးတဲ့စာချုပ် ကြောင့် ခေါ်ယူလိုတဲ့အသင်းအနေဖြင့် စာချုပ် လျော်ကြေးတစ်ရပ်အား ပေးချေရဖို့လည်းရှိနေခဲ့တာဖြစ်ပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသားအနေနဲ့ကတော့ နယူးကာဆယ်အသင်းကို အပြီးသတ်ဝယ်ယူနိုင်ဖြစ်ခဲ့ပါ က လက်ရှိနည်းပြစတိဗ်ဘရုစ်ကို ရာသီကုန်အထိသာဆက်ထားမှာဖြစ် ပြီးဝါရင့်နည်းပြဘင်နီတက်ဇ်ကို ခန့်အပ်တာဝန်ပေးဖို့အတွက်သာ ပိုပြီးအားစိုက်ဆောင်ရွက်ဖို့ရှိနေတယ်လို့လည်း dailymail ရဲ့သတင်း ရင်းမြစ်အချို့အရ သိရပါတယ်။


Author


က္က