လန်ဒန်အသင်းပဲဖြစ်တဲ့ ဖူလ်ဟမ်ကို အနိုင်ယူခဲ့တာပါ။
Pyae Phyo Thein

ဝီလီယံကတော့ အသင်းသစ်အတွက် ဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပြီး ကျန်တိုက်စစ်မှူးနှစ်ဦးနဲ့အတူ အသင်းတိုက်စစ်ပိုင်းကို ဦးဆောင်နိုင်ခဲ့ကာ ခြေစွမ်းပြသွားခဲ့ပါတယ်။ 


ဒီနေ့စတင်ခဲ့ပြီဖြစ်တဲ့ ပရီးမီးယားလိဂ်ဘောလုံးရာသီသစ်ရဲ့ အဖွင့်ပွဲမှာတော့ အာဆင်နယ်အသင်းဟာ တန်းတက်ဖူလ်ဟမ်အသင်းကို အဝေးကွင်းမှာ ၃ ဂိုးပြတ်အနိုင်ယူပြီး ရာသီအဖွင့်မှာ ရလဒ်ကောင်းရယူသွားနိုင်ခဲ့ပါတယ်။ အသစ်ခေါ်ယူထားတဲ့ ဝီလီယံ၊ ဂါဘရီရယ်တို့ကို ထည့်သွင်းအသုံးပြုခဲ့ပြီး တိုက်စစ်ပိုင်းမှာ အော်ဘာမီယန်၊ လာကာဇက်တို့နဲ့ အာဆင်နယ်က လူစုံထုတ်သွားခဲ့ပါတယ်။

ပွဲအစ ၈ မိနစ်မှာပဲ ဝီလီယံရဲ့ကန်သွင်းချက် ပြန်လျှံထွက်လာခဲ့တာကို လာကာဇက်က ပိတ်သွင်းယူခဲ့လို့ အာဆင်နယ်တို့ အဖွင့်ဂိုးရရှိခဲ့ပါတယ်။ ဖူလ်ဟမ်ကတော့ အိမ်ကွင်းမှာ အာဆင်နယ်ကို ယှဉ်ကစားနိုင်စွမ်းနည်းပါးခဲ့ပြီး တိုက်စစ်ပိုင်းက ထိရောက်မှုမရှိခဲ့လို့ ချေပဂိုးရဖို့တောင် တော်တော်လေးရုန်းကန်သွားခဲ့ရပါတယ်။

ရာသီကြိုပွဲတစ်ပွဲဖြစ်တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ အနိုင်ရရှိထားခဲ့တဲ့ အာဆင်နယ်ဟာ အာတီတာလက်အောက်မှာ တဖြည်းဖြည်းနဲ့တိုးတက်လာခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ ကစားသမားသစ်တွေကလည်း အသင်းသစ်ဖြစ်ပေမယ့် အံဝင်အောင်ကစားနိုင်ခဲ့လို့ အာဆင်နယ်ကစားပုံက နိုင်ပွဲရဖို့လုံလောက်တဲ့ အနေအထားတစ်ခုမှာရှိနေခဲ့ပါတယ်။

အာဆင်နယ်အတွက် နောက်ထပ်ဂိုးတွေကိုတော့ ကစားသမားသစ် ဂါဘရီရယ်က ၄၉ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ၅၇ မိနစ်မှာ ဝီလီယံရဲ့ ဖန်တီးပေးမှုကနေ အော်ဘာမီယန်က နောက်တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဝီလီယံကတော့ အသင်းသစ်အတွက် ဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပြီး ကျန်တိုက်စစ်မှူးနှစ်ဦးနဲ့အတူ အသင်းတိုက်စစ်ပိုင်းကို ဦးဆောင်နိုင်ခဲ့ကာ ခြေစွမ်းပြသွားခဲ့ပါတယ်။ 


Author


က္က