၂၀၂၀-၂၁ ရာသီသစ်ပွဲစဉ်ဇယားကို ပုံစံသစ်နဲ့ရေးဆွဲဖို့ရှိနေတာပါ။

လက်ရှိဘောလုံးရာသီအပိတ်ပွဲစဉ်တွေကို ဧပြီလကုန်ပိုင်းအထိကျင်းပနိုင်ဖွယ်မရှိဘူးလို့လည်း အက်ဖ်အေကအ တည်ပြုသတင်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ပရီးမီးယားလိဂ်တာဝန်ရှိသူတွေအနေနဲ့ လက်ရှိဘောလုံးရာသီနောက်ဆုံးပိတ်ပွဲစဉ်များကို ပြန်လည်ကျင်းပနိုင်ေ ရးအတွက် ဆွေးနွေးမှုအချို့ပြုလုပ်နေသလို လာမယ့် ၂၀၂၀-၂၁ ဘောလုံးရာသီသစ် အဖွင့်ပွဲစဉ်များကိုလည်းပ ရိသတ်မပါဘဲ ကွင်းပိတ်ကစားစေဖို့အတွက် ညှိနှိုင်းမှုအချို့ပြုလုပ်နေတယ်လို့ thesun ရဲ့ဖော်ပြချက်အရသိရပါ တယ်။



လက်ရှိရာသီပရီးမီးယားလိဂ်ပွဲစဉ်တွေကိုလည်း ဧပြီ ၂ရက်နေ့အထိရွှေ့ဆိုင်းထားမယ်လို့ ကနဦးသတင်းထုတ်ပြ န်ထားခဲ့ပြီး အဆင်မပြေမှုများရှိလာခဲ့တဲ့အတွက် ဧပြီလကုန်ပိုင်းအထိ ပွဲစဉ်တွေကို ပြန်လည်ကျင်းပနိုင်ဖွယ်မရှိ ဘူးလို့ အတည်ပြုထုတ်ပြန်ခဲ့ပြီလည်းဖြစ်ပါတယ်။



အက်ဖ်အေရဲ့အခုလိုစီစဉ်နေမှုအပေါ် ဝေဖန်မှုတွေမရှိသေးပေမယ့် ပရီးမီးယားလိဂ်အသင်းအများစုကတော့ ရာ သီအဖွင့်ပွဲစဉ်တွေအတွင်း ပရိသတ်မပါဘဲကျင်းပစေနိုင်ခြင်းအပေါ် စိုးရိမ်မှုပိုင်းမြင့်တက်လာနိုင်ပြီး ဘဏ္ဍာရေး အခြေအနေအခက်အခဲအချို့လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေခဲ့ပါတယ်။

ပရီးမီးယားလိဂ်အသင်း ၂ဝနဲ့ အက်ဖ်အေတာဝန်ရှိသူတွေတို့ ဆွေးနွေးညှိနှိုင်းမှုများအရ ရာသီသစ်ပွဲစဉ်ဇယားေ ရးဆွဲမှုပိုင်းအတွက် အခက်အခဲအချို့ရှိနေသလို ထိပ်တန်းကစားသမားတွေကို နားရက်သတ်မှတ်ပေးခြင်း၊ ရာ သီကြိုခြေစမ်းပွဲစီစဉ်ခြင်းများကလည်း တာဝန်ရှိသူများအတွက် စိန်ခေါ်မှုဖြစ်လာတယ်လို့လည်း သတင်းဖော်ပြမှု တွေရှိနေခဲ့ပါတယ်။

ပွဲစဉ်များရွှေ့ဆိုင်းခဲ့ခြင်းကြောင့် ၂၀၁၉-၂၀ ဘောလုံးရာသီပိတ်ပွဲစဉ်များအားလုံးအနေနဲ့ ဇူလိုင်လအတွင်းရော က်မှသာ ပြီးဆုံးဖို့ရှိနေခဲ့တဲ့အတွက် ၂၀၂၀-၂၁ ဘောလုံးရာသီအဖွင့်ပွဲစဉ်များကျင်းပဖို့ရှိနေတဲ့ သြဂုတ်လအစော ပိုင်းကာလများကိုပါ ရွှေ့ဆိုင်းဖို့ရှိနေပြီး ရာသီသစ်အတွက် ပွဲစဉ်ဇယားရေးဆွဲမှုပုံစံကို လုံးဝအသစ်ပြောင်းလဲရဖို့ ရှိနေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က