ဆာရီဟာ ယနေ့မှာ ဂျူဗင်တပ်နည်းပြသစ်အဖြစ် တရားဝင်ကြေညာခြင်းခံခဲ့ရပြီဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ နည်းပြဆာရီကို တစ်ရာသီသာ နည်းပြစေခဲ့ပြီးနောက် ယခုနွေရာသီမှာ ဂျူဗင်တပ်အသင်းကို ကိုင်တွယ်ဖို့ ထွက်ခွာခွင့်ပြုခဲ့ပြီး ယင်းဖြစ်စဉ်ရဲ့ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ဂျော်ဂျင်ဟိုဟာ စတန်းဖို့ဒ်ဘရစ်ဂျ်ကနေ ထွက်ခွာလိုနေတယ်လို့ Mirror ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အီတလီလက်ရွေးစင်ကွင်းလယ်ကြယ်ပွင့် ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့နွေရာသီက ဆာရီ ပြောင်းရွှေ့သွားတဲ့ ချယ်ဆီးအသင်းကို နာပိုလီအသင်းကနေ လိုက်လံပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပွဲဦးထွက်ရာသီမှာ ဆာရီရော၊ ဂျော်ဂျင်ဟိုပါ ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။



ပြီးခဲ့တဲ့အပတ်မှာ ချယ်ဆီးအသင်းက ယခုနွေရာသီမှာ နည်းပြဆာရီ စတန်းဖို့ဒ်ဘရစ်ဂျ်ကနေ ထွက်ခွာမှာဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ဆာရီဟာ ယမန်နေ့ညက တူရင်မြေကို ရောက်ရှိခဲ့ပြီး ယနေ့မှာ ဂျူဗင်တပ်နည်းပြအဖြစ် မီဒီယာတွေရှေ့မှာ တရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

Mirror ရဲ့ဖော်ပြချက်အရ ဂျော်ဂျင်ဟိုဟာ အီတလီကို ပြန်သွားချင်နေတယ်လို့ သိရပြီး ဆာရီအနေနဲ့ ယခုနွေရာသီ ပထမဦးစားပေးအဖြစ် ၎င်းကို ခေါ်ယူလိမ့်မယ်လို့ ဂျော်ဂျင်ဟိုက ယုံကြည်ချက်ရှိနေတာဖြစ်ပါတယ်။

ဂျော်ဂျင်ဟိုရဲ့အေးဂျင့် ဂျာအိုဆန်းတို့စ်က ၎င်းရဲ့ကစားသမားဟာ နည်းပြဆာရီနဲ့ ပြန်လည်ဆုံစည်းလိုနေပြီး ၎င်းရဲ့ နာပိုလီအသင်းနဲ့အတိတ်ဟာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့မယ့်ကိစ္စကို အကျိုးသက်ရောက်မှုမရှိနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

“ဂျော်ဂျင်ဟိုက ချယ်ဆီးနဲ့ ၄ နှစ်စာချုပ်ရှိပါသေးတယ်”

“ကျွန်တော်တို့ သတင်းတွေမှာ ဖော်ပြနေကြတဲ့ စိတ်ဝင်စားမှုတွေက တကယ်ရှိလား၊ မရှိဘူးလားဆိုတာကို သိရှိဖို့ ရက်အနည်းငယ် စောင့်ဆိုင်းသွားမှာပါ”

“သူ့ရဲ့နာပိုလီနဲ့အတိတ်ဟာ ပြဿနာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဂျော်ဂျင်ဟိုက ပရော်ဖက်ရှင်နယ်ကစားသမားပါ။ အခုအချိန်မှာတော့ ချယ်ဆီးမှာ ပျော်ရွှင်နေပါတယ်”

“ကျွန်တော်တို့ အရမ်းကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုကို တွေ့ရှိခဲ့ပီး သူ တစ်နေရာရာ သွားချင်နေမယ်လို့ ကျွန်တော်တို့ တကယ်မပြောနိုင်ပါဘူး။ ဒါပေမယ့် အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ဘာမဆိုဖြစ်ပျက်သွားနိုင်ပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ”လို့ Tuttomercatoweb ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က