ဆွေးနွေးမှုတွေ စတင်နေပြီလို့ ယူဆရပါတယ်။
Pyae Phyo Thein

တရုတ်နိုင်ငံက နိုင်ငံခြားသားတွေ ပြည်တွင်းဝင်ရောက်ခွင့်ကို ပိတ်ပင်ထားလို့ တရုတ်စူပါလိဂ်မှာ ကစားနေတဲ့ နိုင်ငံခြားသားကစားသမားအများအပြားဟာ ပြည်ဝင်ခွင့်ပြသနာနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ 


ရှန်ဟိုင်းရှန်ဟွာကနေ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူးအီဂါလိုကို မေလကုန်ပို်င်းမှာ ပြန်လည်စေလွှတ်ရဖို့ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အငှားစာချုပ်ကို ထပ်မံသက်တမ်းတိုးမြှင့်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်အနေနဲ့ အီဂါလိုကို အပြီးသတ်ဝယ်ယူမယ်ဆိုပါက ပေါင်သန်း ၂ဝအထိ ကုန်ကျမှာလည်းဖြစ်ပါတယ်။

ရှန်ဟိုင်းအသင်းကလည်း သူတို့ရဲ့ကစားသမားကို ပြန်လည်ခေါ်ယူဖို့အတွက် စီစဉ်ထားတာကြောင့် အီဂါလိုရဲ့ ယူနိုက်တက်ကစားသမားဘဝဟာ ပြီးဆုံးဖို့အတွက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ပြည်ကတော့ နို်င်ငံခြားသားတွေ ပြည်တွင်းကိုဝင်ရောက်မှု ကန့်သတ်ပိတ်ပင်ထားတာကြောင့် အီဂါလိုဟာ အိုးထရက်ဖို့ဒ်မှာ ဆက်လက်ရှိနေဖို့ မျှော်လင့်ချက်ရှိလာတယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ 

ယူနိုက်တက်နည်းပြဆိုးလ်ရှားကလည်း "စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် မေလကုန်အထိ ရောက်နေပါပြီ၊ ဒါကြောင့် သူ ပြန်သွားရဖို့ရှိနေပါတယ်၊ ကျွန်တော်တို့ ဆွေးနွေးမှုတွေလုပ်သွားဖို့ရှိပါတယ်၊ ရှန်ဟိုင်းအသင်းနဲ့ သူနဲ့က အကောင်းဆုံးလက်တွဲနိုင်ခဲ့သလို သူ့ရဲ့အိပ်မက်အသင်းမှာ ကစားဖို့ကိုလည်း ခွင့်ပြုခဲ့ပါတယ်၊ သူ့ရဲ့အိပ်မက်တစ်ခုဖြစ်ပြီး သူ စတင်ခဲ့တဲ့အရာတွေကို ဆုဖလားနဲ့အတူ အဆုံးသတ်နိုင်ဖို့ မျှော်လင့်မိပါတယ်" လို့ MUTV ကတဆင့် ပြောဆိုခဲ့ပါတယ်။ 

အသက် ၃၀ အရွယ် နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၈ ပွဲကစားပေးထားပြီး ၄ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်မှာဆက်လက်ကစားဖို့ ဆန္ဒရှိနေသေးတာကြောင့်လည်း သူ့ရဲ့အငှားစာချုပ်သက်တမ်းတိုးမြှင့်ဖို့ ဆွေးနွေးမှုဟာ အောင်မြင်ဖွယ်ရာရှိနေပါတယ်။ 

ရှန်ဟိုင်းအသင်းအနေနဲ့လည်း ဇွန်လကုန် ဒါမှမဟုတ် ဇူလိုင်လအစောပိုင်းမှာ ပြန်လည်စတင်မယ့် တရုတ်စူပါလိဂ်ပွဲစဉ်တွေအမီ အီဂါလိုကို ပြန်လည်ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံက နိုင်ငံခြားသားတွေ ပြည်တွင်းဝင်ရောက်ခွင့်ကို ပိတ်ပင်ထားလို့ တရုတ်စူပါလိဂ်မှာ ကစားနေတဲ့ နိုင်ငံခြားသားကစားသမားအများအပြားဟာ ပြည်ဝင်ခွင့်ပြသနာနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ 



Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က