ရာကီတစ်ကတော့ နူးကမ့်မှာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောထားပါတယ်။
Kg Htet

ချယ်ဆီးအသင်းဟာ မိုနာကိုအသင်းကို ပြောင်းရွှေ့သွားတဲ့ ဖာဘရီဂတ်စ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် လာမယ့်နွေရာသီမှာ ဘာစီလိုနာကြယ်ပွင့် အိုင်ဗန်ရာကီတစ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ စပိန်က သတင်းတွေအရ သိရပါတယ်။

မူရီဇီယိုဆာရီဟာ ကွင်းလယ်ကို အားဖြည့်ဖို့အတွက် ကွင်းလယ်ကစားသမားအသစ် ခေါ်ယူလိုတဲ့ဆန္ဒကို အနည်းငယ်လျှို့ဝှက်ထားပြီး ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲစဉ်မှာ ပြဿနာအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း ဆာရီကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။



ဒါပေမယ့်လည်း ချယ်ဆီးအသင်းဟာ ကက်ဂလီယာရီက နီကိုလိုဘာရယ်လာရော ဇင်းနစ်က လီအန်ဒရိုပါရီဒက်စ်ကိုပါ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ရာမှာ မအောင်မမြင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဆာရီဟာ လာမယ့်နွေရာသီအထိ ကွင်းလယ်ကစားသမားမရှိဘဲ အကောင်းဆုံးပြင်ဆင်ရတော့မှာဖြစ်ပါတယ်။

စပိန်သတင်းစာ Sport ရဲ့သတင်းအရ ချယ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ရာကီတစ်ကို ခေါ်ယူဖို့ ကြိုးပမ်းလိမ့်မယ်လို့ သိရပါတယ်။ ရာကီတစ်ဟာ အေဂျက်ကြယ်ပွင့် ဖရန်ကီဒီဂျောင် ရောက်ရှိလာမှုကြောင့် ပွဲထွက်ခွင့်ဆုံးရှုံးတော့မယ်လို့ မျှော်လင့်ရပါတယ်။

တကယ်လို့ ရာကီတစ်အတွက် သင့်တော်တဲ့ကမ်းလှမ်းမှုမျိုးသာ ရရှိမယ်ဆိုရင် ဘာစီလိုနာအသင်းက ပျော်ရွှင်စွာနဲ့ပဲ အသင်းကနေ ထွက်ခွာခွင့်ပြုသွားဖွယ်ရှိနေပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ရာကီတစ်ကတော့ ၎င်းရဲ့နေရာအတွက် နူးကမ့်မှာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က