လီဗာပူးနဲ့ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
Kyaw Ko Ko Sint

အားထားရတဲ့ အသက်၃၃ နှစ်အရွယ် ဘယ်နောက်ခံလူ မွန်နရယ်အနေနဲ့စပိန်ကလပ် ရီးရဲဆိုစီဒက်ကို ၂ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့တော့မယ်လို့သိရပါတယ်။

အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီကတော့ အသင်းရဲ့ အဓိက ဘယ်နောက်ခံလူ မွန်နရယ်အနေနဲ့ ဥရောပ အပြောင်းအရွှေ့ ကာလမပိတ်ခင် အသင်းကထွက်ခွာဖို့ ရှိတယ်လို့ ဝန်ခံပြောလာတဲ့အကြောင်း Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။



စပိန်နောက်ခံလူ မွန်နရယ်အနေနဲ့ စပိန်လာလီဂါကလပ် ရီးရဲဆိုစီဒက်အသင်းနဲ့ ၂ နှစ်သဘောတူ စာချုပ်ချုပ်ဆို ဖို့ သဘောတူညီမှု ရရှိထားနှင့်ပြီး ဖြစ်တယ်လို့လည်းသိရပါတယ်။

လာလီဂါ အပြောင်းအရွှေ့ ရာသီက လာမယ့် စက်တင်ဘာ ၂ ရက်နေ့မှ ပိတ်သိမ်းမှာ ဖြစ်ပြီး မွန်နရယ်က အသင်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိခဲ့တယ်လို့ နည်းပြ အူနိုင်းအမ်မရီက သတင်းထောက်ကို ပြောခဲ့ပါ တယ်။

“ ဥရောပလူဝယ်ရာသီမပိတ်သိမ်းသေးလို့ ကျွန်တော်တို့ အဓိက ပြောစရာ ကိစ္စတစ်ခု ရှိနေပါသေးတယ်။ ဒါပေ မယ့် ကျွန်တော်တို့မှာ လုံလောက်တဲ့ တိကျမှု မရှိသေးတဲ့အတွက်ထုတ်ပြောဖို့ အဆင်မပြေသေးတာပါ။” လို့ အူနိုင်းကပြောခဲ့ပါတယ်။

အချိုု့ကစားသမားတွေကို အသင်းက ထွက်ခွာခွင့်ပြုထားတဲ့ အမ်မရီက လက်ကျန်ကစားသမားတွေကို မှီခိုနေရ ချိန် နာချိုရဲ့ သတင်းက ပြဿနာတစ်ရပ်အဖြစ် ရှိနေခဲ့တယ်လို့လည်း ဆိုပါတယ်။

လီဗာပူးနဲ့ပွဲမှာ အရေးနိမ့်ခဲ့တာနဲ့ပတ်သက်ပြီးတော့လည်း နည်းပြ အမ်မရီက - “ အင်မတန် စိတ်ပျက်စရာ ရလဒ်ပါ၊ ကျွန်တော်တို့ နည်ဗျူဟာပိုင်းအရရော၊ပွဲအပေါ် ယုံကြည်မှု အရရော ရှုံးနိမ့်ခဲ့ပါတယ်။”လို့ ပြောခဲ့ပါ တယ်။

အာဆင်နယ်အသင်းမှာ ဘယ်နောက်ခံလူ မွန်နရယ် ထွက်ခွာသွားမယ်ဆိုရင် ကိုလာစီနက်သာရှိပါတော့တယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က