ဒူးဒဏ်ရာရရှိသွားခဲ့တာပါ။
Pyae Phyo Thein

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ၀ါရင့်တိုက်စစ်မှူးဟာ ဒီနေ့မှာ ဒဏ်ရာအခြေအနေကို အတိအကျသိရှိနိုင်အောင် စစ်ဆေးသွားရမှာဖြစ်ပြီး ဂွာဒီယိုလာကတော့ သူ့ရဲ့တိုက်စစ်မှူးဟာ လာမယ့်ပွဲစဉ်အနည်းငယ်ကို လွဲချော်လိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။


အိမ်ကွင်းမှာ ဘန်လေကို ငါးဂိုးပြတ်နဲ့ အနိုင်ကစားပြီး လီဗာပူးလ်အသင်းချန်ပီယံဖြစ်မယ့် အချိန်ကို နှောင့်နှေးအောင်ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း တိုက်စစ်မှူးအဂူရို ရာသီကုန်ထိ အနားယူရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့အပေါ် မန်စီးတီးနည်းပြ ဂွာဒီယိုလာက စိုးရိမ်နေတယ်လို့ သိရပါတယ်။ အဆိုပါပွဲမှာ အဂူရိုဟာ ဒူးဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် ၄၅ မိနစ်မှာပဲ လူစားလဲလှယ်ခဲ့ရပါတယ်။ 

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ၀ါရင့်တိုက်စစ်မှူးဟာ ဒီနေ့မှာ ဒဏ်ရာအခြေအနေကို အတိအကျသိရှိနိုင်အောင် စစ်ဆေးသွားရမှာဖြစ်ပြီး ဂွာဒီယိုလာကတော့ သူ့ရဲ့တိုက်စစ်မှူးဟာ လာမယ့်ပွဲစဉ်အနည်းငယ်ကို လွဲချော်လိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ရာသီကုန်အထိ အဂူရိုအနားယူရဖွယ်ရှိနေတဲ့အပေါ်မှာ စိုးရိမ်မိတယ်လို့လည်း စပိန်သားနည်းပြက ပြောဆိုခဲ့ပါတယ်။ 

"ကြည့်ရတာတော့ အခြေအနေမကောင်းပါဘူး၊ မနက်ဖြန်မှာ (ဒီနေ့) အတိအကျသိရဖို့ရှိနေပါတယ်၊ ပြီးခဲဲ့့လအတွင်းကလည်း သူ့ရဲ့ဒူးကြောင့်ပဲ အခက်တွေ့ခဲ့ရပါတယ်၊ လက်ရှိမှာတော့ သူ့အတွက် ခံစားချက်ပိုင်းကောင်းမွန်နေပေမယ့် ဒဏ်ရာအခြေအနေက သိပ်ဟန်ပုံမပေါ်ပါဘူး၊ အချိန်ယူရမယ်လို့ ဆရာဝန်ကပြောပါတယ်၊ ပွဲအနည်းငယ်လွဲချော်ဖို့တော့ သေချာသွားပါပြီ"

"ဒါပေမယ့် မနက်ဖြန်မှာ သတင်းကောင်းကြားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်၊ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပါ" လို့ ဂွာဒီယိုလာက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။ မန်စီးတီးဟာ ဖိုဒန်၊ မာရက်ဇ်၊ ဒေးဗစ်ဆေးလ်ဗား၊ ဘာနာဒိုဆေးလ်ဗားတို့ရဲ့ ဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တာဖြစ်ပါတယ်။ 

အဂူရိုအနေနဲ့ ကာလရှည်အနားယူရမယ်ဆိုရင်တော့ ချန်ပီယံလိဂ်ပွဲကစားရဖို့ရှိနေတဲ့ မန်စီးတီးအတွက် ကြီးမားတဲ့အခက်အခဲတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မန်စီးတီးဟာ ၁၆သင်းအဆင့် ဒုတိယအကျော့အဖြစ် ရီးရဲလ်နဲ့ ကစားရဖို့ရှိနေသေးပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ပါက သြဂုတ်လအတွင်း အပြီးကစားမယ့် ပွဲစဉ်တွေရှိလာမှာဖြစ်ပါတယ်။ 


Author


က္က