loading...

loading...

loading...

လူငယ်ကစားသမားအများစုကို ခေါ်ယူဖို့ ပြင်ဆင်နေခဲ့တာပါ။
Win Kyaw Min

အယူခံအောင်မြင်ခဲ့ခြင်းကြောင့် ကစားသမားသစ်အချို့ခေါ်ယူအားဖြည့်ဖို့ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ရာသီအစတွင် ရလဒ်ပိုင်းဆိုးရွားခဲ့ပေမယ့် အမှတ်ပေးဇယားထိပ်ဆုံး ၄သင်းစာရင်းဝင်အဖြစ်ရပ်တည်နို င်ဆဲဖြစ်တဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ရာသီကုန်တွင် အပြောင်းအလဲများစွာပြုလုပ်ဖို့ရှိနေပြီး အဓိက,က စားသမားအများစုကို ထွက်ခွာခွင့်ပေးခြင်းနဲ့အတူ ကစားသမားသစ်များစွာခေါ်ယူဖို့ရှိနေတယ်လို့ daily mail က အခို်င်အမာဖော်ပြလာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ကစားသမားအပြောင်းအရွှေ့စျေးကွက်တွင် တိုက်စစ်ကစားသမားအ ချို့ခေါ်ယူနိုင်ရေးအတွက် ကမ်းလှမ်းမှုများပြုလုပ်ခဲ့သော်လည်း အဆင်မပြေမှုများရှိခဲ့တဲ့အတွက်အပြီး သတ်အပြောင်းအရွှေ့တွေပြုလုပ်နိုင်ခြင်းမရှိခဲ့တာလည်းဖြစ်ပါတယ်။



လက်ရှိသတင်းဖော်ပြချက်တွေအရ ပွဲထွက်ဂိုးသမားဖြစ်သူကီပါနဲ့နည်းပြလမ်းပတ်အကြားအဆင်မပြေ မှုများရှိနေခဲ့ပြီး ပုံမှန်လက်စွမ်းအောက်ကျဆင်းနေခဲ့တဲ့အတွက် သေချာပေါက်ဂိုးသမားအပြောင်းအလဲ ပြုလုပ်ဖို့ရှိနေသလို ဘာစီလိုနာအသင်းရဲ့စိတ်ဝင်စားခြင်းခံနေရတဲ့ တောင်ပံကစားသမားဝီလျံကိုလ ည်း အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ရှိနေတယ်လို့လည်း ဖော်ပြမှုတွေရှိနေခဲ့တာပါ။

DailyStar ရဲ့ဖော်ပြမှုမှာတော့ ချဲလ်ဆီးအသင်းအနေနဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးအသုံးပြုခေါ်ယူထား တဲ့ ဂိုးသမားကီပါကို သေချာပေါက်ရောင်းထုတ်ဖို့ရှိနေပြီး ခရစ္စတယ်ပဲလေ့စ်ဂိုးသမားဂူယေတာ၊ ဘန် လေဂိုးသမားနစ်ခ်ပုတ်တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။

သို့သော်ဆက်စပ်သတင်းတွေအရ အသင်းရဲ့စုဖွဲ့မှုကို အပြောင်းအလဲပြုလုပ်ဖို့ရှိနေတဲ့ နည်းပြလမ်းပ တ်ဟာ အသင်းရဲ့အဓိကတာဝန်ရှိသူတွေနဲ့အကြား အဆင်မပြေမှု အချို့ရှိနေခဲ့တယ်လို့လည်း သတင်း ဖော်ပြမှုအချို့ရှိနေခဲ့ပြီး အပြောင်းအရွှေ့အားလုံးကို အမှုဆောင်ဒါရိုက်တာမာရီနာဂရာနော့ဗ်စကီယာ က စိတ်ကြိုက်ဆက်လက်လုပ်ဆောင်ဖို့ရှိနေတယ်လို့လည်း သိရပါတယ်။


loading...

က္က