အိမ်ကွင်းကို အလုံးစုံအသုံးပြုခွင့်ပေးပြီး ပူးပေါင်းပါဝင်ခဲ့တာပါ။

ဗြိတိန်နိုင်ငံအတွင်း ရောဂါကူးစက်ခံရမှုနှုန်းမြင့်တက်နေခဲ့ပြီး သေဆုံးမှုနှုန်းများလာတဲ့အတွက် အစိုးရအာဏာပို င်တွေအနေနဲ့ ခက်ခက်ခဲခဲထိန်းချုပ်နေရတာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ဗြိတိန်နိုင်ငံတွင်း အဖွဲ့အစည်းတွေကိုအထော က်အပံ့များစွာပေးခဲ့တဲ့အပြင် အိမ်ကွင်းအီတီဟက်ကိုပါ လိုအပ်တဲ့နေရာအသုံးပြုဖို့ ခွင့်ပြုပေးခဲ့တယ်လို့ thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။



ဗြိတိန်နိုင်ငံအနေနဲ့ ဗိုင်းရပ်စ်ကူးစက်ခံဥရောပနိုင်ငံများတွင် အီတလီ နှင့် စပိန် အပြီး သေဆုံးမှုနှုန်းအမြင့်ဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်နေခဲ့ပြီး ဒီကနေ့မနက်ပိုင်းအတည်ပြုချက်များအရ ၁၇,၀၈၉ ကူးစက်ခံထားရပြီး ၁,၀၁၉ ယောက်အထိအသ က်ဆုံးရှုံးထားတယ်လို့ worldometers.info က ဖော်ပြထားပါတယ်။



မန်စီးတီးအသင်းရဲ့ အကူအညီပေးမှုကို ပြည်တွင်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ NHS (National Health Service) က လက်ခံခဲ့ပြီး လာမယ့်ရက်အနည်းငယ်အတွင်း ဆေးဘက်ဆိုင်ရာသင်တန်းများ၊ ကယ်ဆယ်ရေးပစ္စည်းသိုေ လှာင်မှုများပြုလုပ်ဖို့ရှိနေတယ်လို့လည်း dailymail က ဖော်ပြထားပြန်ပါတယ်။

သတင်းဖော်ပြမှုတွေအရ လာမယ့်ရက်သတ္တပတ်အတွင်း အရေးပေါ်သူနာပြုသင်တန်းတစ်ခုကို အီတီဟတ်ကွင်း အတွင်း ပြုလုပ်သွားဖို့ရှိနေပြီး အသင်းဆေးအဖွဲ့အနေနဲ့လည်း ပူးပေါင်းပါဝင်လုပ်ဆောင်သွားဖို့ရှိနေတယ်လို့လ ည်း သိရပါတယ်။

လက်ရှိမှာတော့ အီတီဟက်ကွင်းရဲ့နေရာတော်တော်များများမှာ NHS (National Health Service) ရဲ့ဆရာဝန် များ၊ ကျန်းမာရေးဝန်ထမ်းများက စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ပြီး ရောဂါအခြေအနေထိန်းချုပ်နိုင်တဲ့အချိန် အထိအသုံးပြုခွင့်ပေးသွားမှာဖြစ်တယ်လို့လည်း အသင်းကအတည်ပြုသတင်းထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က