လူတန်တောင်းနဲ့ပွဲမှာ လက်စွမ်းပြကာကွယ်မှုတွေပြုလုပ်သွားခဲ့သူပါ။
Pyae Phyo Thein

နသန်ဂျုံးစ်ရဲ့ ခေါင်းတိုက်သွင်းယူမှုဟာ တော်တော်လေးကောင်းမွန်ခဲ့ပေမယ့် ဟန်ဒါဆန်က လက်စွမ်းပြပုတ်ထုတ်ခဲ့ပြီး သရေဖြစ်စေမယ့် အနေအထားကို ဟန့်တားနိုင်ခဲ့ကာ အသင်းကို ပေးဂိုးမရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။


လူတန်တောင်းအသင်းနဲ့ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲထွက်ခွင့်ရရှိခဲ့တဲ့ ဂိုးသမားဒင်းဟန်ဒါဆန်ဟာ အံ့အားသင့်ဖွယ်ရာကာကွယ်မှုတစ်ခုကို ပြုလုပ်ပြနိုင်ခဲ့လို့ ပရိသတ်တွေရဲ့ ချီးကျူးမှုကိုရရှိနေပါတယ်။ တစ်ဖက်တစ်ဂိုးစီသရေဖြစ်သွားနိုင်တဲ့ အနေအထားမှာ ဟန်ဒါဆန်က လက်စွမ်းပြကာကွယ်သွားခဲ့တာပါ။ 

ဟွမ်မာတာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နေခဲ့တဲ့ ယူနိုက်တက်ဟာ ပွဲချိန် ၈၁ မိနစ်မှာတော့ လူတန်တောင်းဘက်က တိုက်စစ်ဆင်ခဲ့မှုကနေ ဂိုးပေးရလုနီးပါးဖြစ်ခဲ့ပါတယ်။ နသန်ဂျုံးစ်ရဲ့ ခေါင်းတိုက်သွင်းယူမှုဟာ တော်တော်လေးကောင်းမွန်ခဲ့ပေမယ့် ဟန်ဒါဆန်က လက်စွမ်းပြပုတ်ထုတ်ခဲ့ပြီး သရေဖြစ်စေမယ့် အနေအထားကို ဟန့်တားနိုင်ခဲ့ကာ အသင်းကို ပေးဂိုးမရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒီကာကွယ်မှုအပေါ်မှာ ယူနိုက်တက်ပရိသတ်အများအပြားက သဘောကျနေခဲ့ပြီး ဒီဂီယာကို ကောင်းကောင်းဖိအားပေးနိုင်မယ့်သူအဖြစ် ပြောဆိုနေခဲ့ကြပါတယ်။ ယူနိုက်တက်ရဲ့ နံပါတ်တစ်ဂိုးသမား ဒီဂီယာဟာ ပြီးခဲ့တဲ့ရာသီတွေမှာ အမှားအယွင်းတွေပြုလုပ်မိခဲ့ပြီး ဝေဖန်ခံနေရချိန်မှာ ဟန်ဒါဆန်ရဲ့ လက်စွမ်းပြမှုတွေက သူ့ရဲ့ပွဲထွက်ခွင့်ကို ခြိမ်းခြောက်လာခဲ့ပြီဖြစ်ပါတယ်။

ရှက်ဖီးယူနိုက်တက်မှာ အငှားကစားသမားအဖြစ် ၂ ရာသီကြာသွားရောက်ကစားခဲ့ပြီး လက်စွမ်းပြခဲ့တဲ့ ဟန်ဒါဆန်ကို ယူနိုက်တက်က ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဟန်ဒါဆန်က နံပါတ် ၂ဂိုးသမားနေရာကို ရောက်ရှိလာခဲ့ပြီး ရိုမဲယိုးက နံပါတ် ၃နေရာဖြစ်ခဲ့ကာ ဒီဂီယာအတွက်တော့ အရည်အသွေးမြင့်ဂိုးသမားတွေနဲ့ နေရာလုရတော့မှာဖြစ်လို့ အမှားအယွင်းတွေကျူးလွန်ခဲ့မယ်ဆိုရင် အချိန်မရွေး အရန်ခုံပေါ် ထိုင်နေရဖွယ်ရှိနေပြီဖြစ်ပါတယ်။ 


Author


က္က