ရာသီပယ်ဖျက်ခဲ့ရင်တောင် ဆုဖလားပေးသင့်တယ်လို့ ပြောခဲ့တာပါ။
Pyae Phyo Thein

ရွန်နီဟာ အဲဗာတန်ကစားသမားဘဝမှာ လီဗာပူးလ်ကို မြို့ခံပြိုင်ဘက်အနေနဲ့ ရင်ဆိုင်ခဲ့ရပြီး ယူနိုက်တက်မှာလည်း အင်္ဂလန်ဒါဘီပွဲအဖြစ် မကြာခဏယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပါတယ်။


အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီက ကစားသမားဘဝမှာ ခါးသီးပြိုင်ဘက်ဖြစ်ခဲ့ဖူးတဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ ထိုက်တန်တယ်လို့ အံ့အားသင့်ဖွယ်ရာပြောဆိုလိုက်ပါတယ်။ ရွန်နီဟာ အဲဗာတန်ကစားသမားဘဝမှာ လီဗာပူးလ်ကို မြို့ခံပြိုင်ဘက်အနေနဲ့ ရင်ဆိုင်ခဲ့ရပြီး ယူနိုက်တက်မှာလည်း အင်္ဂလန်ဒါဘီပွဲအဖြစ် မကြာခဏယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပါတယ်။

ဒါပေမယ့် ရွန်နီက ပြိုင်ဘက်အသင်းဟောင်းရဲ့စွမ်းဆောင်ရည်အပေါ် ချီးကျူးအသိအမှတ်ပြုခဲ့ပြီး အငြိုး၊အာဃာတတွေမပါဘဲ ဆုဖလားရရှိသင့်တယ်လို့ မှတ်ချက်ပြုခဲ့တယ်လို့ Sky Sports က ဖော်ပြသွားခဲ့ပါတယ်။ လီဗာပူးလ်ဟာ လက်ကျန်ကိုးပွဲအလိုမှာ ဒုတိယနေရာက မန်စီးတီးထက် တစ်ပွဲပိုကစားထားပြီး ၂၅ မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

"လီဗာပူးလ်က ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ပါလိမ့်မယ်၊ အဲဗာတန်ပရိသတ်တွေက ကျွန်တော့်ကို ဖုန်းဆက်ပြီးမေးမြန်းကြပါတယ်၊ ဒီရာသီက ပယ်ဖျက်ဖို့ဖြစ်လာမှာလားလို့ပေါ့၊ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် လီဗာပူးလ်က တကယ်ကောင်းခဲ့တာပါ၊ သူတို့က အလုပ်ကို တက်တက်ကြွကြွလုပ်နိုင်ခဲ့ပြီး အမှတ်ပေးဖလားနဲ့ ထိုက်တန်ပါတယ်"

"နှစ်ပေါင်း ၃ဝလောက် စောင့်ဆိုင်းပြီးမှ ဆုဖလားရရှိမယ့်အနေအထားကို စဉ်းစားကြည့်ပါ၊ မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်ရမှာပါ။ တန်းတက်၊ တန်းဆင်းနဲ့ ဥရောပဝင်ခွင့်အတွက်လည်း ဒီအတိုင်းပါပဲ" လို့ ရွန်နီက Sunday Times သတင်းစာမှာ ရေးသားသွားခဲ့ပါတယ်။ ဒါဘီကောင်တီအသင်းမှာ ကစားသမား/နည်းပြအဖြစ် ရွန်နီက တာဝန်ယူနေတာဖြစ်ပြီး ယူနိုက်တက်နဲ့အတူ အမှတ်ပေးဖလားငါးကြိမ်အထိ ရရှိခဲ့ဖူးသူဖြစ်ပါတယ်။ 


က္က