loading...

loading...

loading...

ဖနောင့်ကြော ဒဏ်ရာရရှိခဲ့တာပါ။
Kyaw Ko Ko Sint

ဖနောင့်ကြော ဒဏ်ရာရရှိခဲ့ဖူးတဲ့ အခြား ပရီးမီးယားလိဂ် ကစားသမားတွေကတောာ့ အာဆင်နယ်မှ ဆန်တီ ကာဇိုလာ၊ ကိုစီ ရယ်နီ၊ ဒေးဗစ်ဘက်ခမ်းတို့ ဖြစ်ကြပြီး ကာဇိုလာဟာ ၂ နှစ်လောက် အနားယူခဲ့ရကာ ကိုစီရယ်နီလည်း တစ်နှစ်နီးပါးလောက်အထိ အနားယူခဲ့ရတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ရပါတယ်။

ဘန်လေကို ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိသွားတဲ့ အသင်းရဲ့ လူငယ်ကစားသမား အိုဒွိုင်းအနေနဲ့ ခွဲစိတ်ကုသမှု ခံယူရမယ်လို့ ချဲလ်ဆီးက အတည်ပြု ထုတ်ပြန်ခဲကြောင်း 90 MIN သတင်းဌာနရဲ့ ဖော် ပြချက်အရ သိရပါတယ်။ ကယ်လန်ဟတ်ဆန်အိုဒွိုင်းအနေနဲ့ ပွဲချိန် ၄၁ မိနစ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဆေးအဖွဲ့အကူအညီနဲ့ တွဲထုတ်ခဲ့ရပါတယ်။

လက်ရှိမှာတော့- “ အိုဒွိုင်းအနေနဲ့ ဖနောင့်ကြော ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အထူးကုသမှုတွေ ခံယူလျက်ရှိကာ ခွဲစိတ်ကုသမှု ခံယူရပါမယ်။” လို့ ချဲလ်ဆီးအသင်းက အသင်းဝက်ဘ်ဆိုဒ်ကနေ တရားဝင် သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဘန်လေနဲ့ပွဲက အိုဒွိုင်းအတွက် ချဲလ်ဆီးနဲ့အတူ ၂၈ ပွဲမြောက် ပါဝင်ကစားတဲ့ပွဲလည်း ဖြစ်ခဲ့ပြီး လက်ရှိမှာ အသင်း အတွက် ၅ ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။ အိုဒွိုင်းဟာ ခွဲစိတ်ကုသရမယ်လို့ပဲ ထုတ်ပြန်ထားပြီး အနားယူရမယ့် အချိန်ကိုတော့ ထုတ်ပြန်ပေးထားခြင်း မရှိကာ အလားတူ ဒဏ်ရာမျိုးရရှိခဲ့တဲ့ ရှေ့က ကစားသမားတွေကတော့ အနည်းဆုံး ၆လကနေ ၉ လအထိ အနားယူ ရလေ့ရှိတယ်လို့လည်း 90 MIN က ဆိုပါတယ်။

အိုဒွိုင်းကဲ့သို့ပင် ဖနောင့်ကြော ဒဏ်ရာရရှိခဲ့ဖူးတဲ့ ကစားသမားတွေကတောာ့ အာဆင်နယ်မှ ဆန်တီ ကာဇိုလာ၊ ကိုစီရယ်နီ၊ ဒေးဗစ်ဘက်ခမ်းတို့ ဖြစ်ကြပြီး ကာဇိုလာဟာ ၂ နှစ်လောက်အထိ အနားယူခဲ့ရကာ ကိုစီရယ်နီလည်း တစ်နှစ်နီးပါးလောက် အနားယူခဲ့ရတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုတောင် လွဲချော်ခဲ့ရပါတယ်။


loading...

က္က