ပေါင် ၂၂.၅ သန်းနဲ့ ကမ်းလှမ်းခဲ့တာပါ။

ချယ်ဆီးအသင်းဟာ အသင်းရဲ့ကြယ်ပွင့်ကစားသမား ဟတ်ဒ်ဆန်အိုဒွိုင်းအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့စတုတ္ထမြောက်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ Sportskeeda ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချယ်ဆီးလူငယ်ကြယ်ပွင့် ဟတ်ဒ်ဆန်အိုဒွိုင်းကို ပစ်မှတ်ထားနေတာဖြစ်ပြီး ချယ်ဆီးအသင်းကို စတုတ္ထအကြိမ်မြောက် ကမ်းလှမ်းမှု ပေးပို့ခဲ့တာဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟတ်ဒ်ဆန်အိုဒွိုင်းဟာ ဖနောင့်အရွတ်စုတ်ပြဲဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပြီး ပြန်လည်သက်သာလာဖို့ ကြိုးပမ်းနေသူဖြစ်ပါတယ်။



ချယ်ဆီးအသင်းဟာ ဟတ်ဒ်ဆန်အိုဒွိုင်းအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှု ၄ ကြိမ်စလုံးကို ငြင်းပယ်ခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းဟာ ရီဘာရီနဲ့ရော်ဘင်တို့ရဲ့နေရာမှာ အစားထိုးဖို့ တောင်ပံကစားသမား ရှာဖွေနေတာဖြစ်ပါတယ်။

Sky Sports ရဲ့ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းက ဟတ်ဒ်ဆန်အိုဒွိုင်းအတွက် ပေါင် ၂၂.၅ သန်းနဲ့ စတုတ္ထအကြိမ်မြောက် ကမ်းလှမ်းမှုပြုလုပ်ခဲ့တာဖြစ်ပြီး ချယ်ဆီးအသင်းက နောက်ထပ်တစ်ကြိမ် ထပ်မံပယ်ချလိုက်တာဖြစ်ပါတယ်။

ဟတ်ဒ်ဆန်အိုဒွိုင်းဟာ ၂၀၁၇-၂၀၁၈ ရာသီမှာ ပထမအသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပြီး ဒုတိယရာသီမှာ ချယ်ဆီးအသင်း ယူရိုပါလိဂ်ဖလားရရှိဖို့အတွက် အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။

ဟတ်ဒ်ဆန်အိုဒွိုင်းဟာ နည်းပြဆာရီရဲ့လက်အောက်မှာ ပွဲထွက်ချိန်များများ မရရှိတာကြောင့် စတန်းဖို့ဒ်ဘရစ်ဂျ်ကနေ ထွက်ခွာလိုခဲ့သူဖြစ်ပြီး နည်းပြဆာရီ ထွက်ခွာသွားမှုကြောင့် ချယ်ဆီးအသင်းအနေနဲ့ ဟတ်ဒ်ဆန်အိုဒွိုင်းကို ကာလရှည်စာချုပ်သစ် ချုပ်ဆိုနိုင်မယ့်အခွင့်အရေး ပိုမိုများပြားလာခဲ့ပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က