loading...

loading...

loading...

ဒီည ၁ နာရီခွဲမှာ မန်ယူ နဲ့ မန်စီးတီးတို့ အိုးထရက်ဖို့ဒ်မှာ ကစားမှာပါ။
Kyaw Ko Ko Sint

၂၀၀၈ ခုနှစ်လောက်အထိသာ မန်ယူအိမ်ကွင်းက မန်စီးတီးအတွက် ကြောက်စရာကောင်းခဲ့ပြီး ယခုနောက်ပိုင်းနှစ်တွေမှာတော့ မန်စီးတီးက မန်ယူထက် ပိုမိုသာလွန်ကောင်းမွန်နေပြီလို့ ဂါွဒီယိုလာက ပြောသွားခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂါွဒီယိုလာက ဒီညမှာ သွားရောက်ယှဉ်ပြိုင်ရမယ့် မန်ယူအသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်ဟာ အရင်လို ကြောက်စရာကောင်းတဲ့ နေရာမဟုတ်တော့ဘူးလို့ ထုတ်ဖော်ပြောသွားတဲ့အကြောင်း Goal.com က ဖော်ပြပါတယ်။ မန်စီးတီးအနေနဲ့ အဆင့် ၁ နေရာမှာတစ်ပွဲအသာနဲ့ ရပ်တည်နေတဲ့ လီဗာပူးကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် အခု ကစားရမယ့် မန်ယူနဲ့ပွဲကို အနိုင်ကစားထားဖို့ လိုနေတာ ဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့ ၂၀၁၂-၁၃ ဘောလုံးရာသီအထိ ပရီးမီးယားလိဂ်ကို လွှမ်းမိုးထားနိုင်ပေမယ့်အဲ့နောက်ပိုင်း မှာတော့ မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံ ၂ ကြိမ်ထိ ဖြစ်ထားပါတယ်။ မန်စီးတီးအတွက် အိုးထရက်ဖို့ဒ်က ကြောက်စရာကောင်းခဲ့တဲ့ ကာလတွေက ၁၉၇၄ ကနေ ၂၀၀၈ ခုနှစ် ဝန်းကျင်အထိပဲ ဖြစ်ပြီး အဲ့နောက်ပိုင်းမှာတော့ မန်စီးတီးအသင်းကို မန်ယူအသင်း အနိုင်ယူဖို့ ခက်ခဲခဲ့ပြီ ဖြစ်ပါတယ်။ နောက်ဆုံး အိုးထရက်ဖို့ဒ်မှာ ကစားထားတဲ့ လိဂ်၇ ပွဲမှာ မန်စီးတီး ၅ ပွဲအထိ အနိုင်ယူထားပြီး ဒီအခြေအနေမှာ မန်စီးတီးအနေနဲ့ ကွင်းမရွေးတော့ဘူးလို့လည်း နည်းပြ ဂါွဒီယိုလာက ဆိုလာတာပါ။

“ မန်ယူအသင်း နောက်ဆုံး ကြီးထွားခဲ့တဲ့ကာလတွေက ကျန်ခဲ့ပါပြီ၊ အိုးထရက်ဖို့ဒ်ကို သွားဖို့ ဘာအတွက်မှ ကြောက်စရာမရှိတော့ပါဘူး၊ အခုအချိန်တွေ မတိုင်ခင်ကတော့ နည်းနည်း ခက်ပါတယ်၊ နောက်ပိုင်း နှစ်တွေမှာ တော့ ကျွန်တော့် မန်စီးတီး ကစားသမားတွေက သူတို့ထက်တောင် ပိုပြီး နိုင်ပွဲများအောင် စွမ်းဆောင်ပြထားနိုင်ပါသေးတယ်။” လို့ ဂါွဒီယိုလာက ဒီကနေ့ည ကစားမယ့်ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

ဆက်လက်ပြီးတော့လည်း အခုအချိန်မှာ ကျွန်တော်တို့ပြောရမှာ ချန်ပီယံဆုအတွက် မေးခွန်းတွေကို ဖြေဖို့ပါ ယူနိုက်တက်ကို ဘယ်လိုအနိုင်ကစားမလဲဆိုတဲ့မေးခွန်းက မေးစရာမလိုတဲ့မေးခွန်းလို့လည်း ဂါွဒီယိုလာ ပြော သွားပါတယ်။

“မန်ယူအကောင်းဆုံးဖြစ်ဖို့ မျှော်လင့်ပါတယ်၊ ကစားသမားတွေက အကောင်းဆုံး ကစားကြမှာပါ၊ ကျွန်တော်တို့ ဖက်ကလည်း အားသာချက် အားနည်းချက်တွေကိုသေချာပြင်ဆင်ထားပါတယ်။ ဒါဘီပွဲဖြစ်လို့ အခြားပွဲတွေ ထက်တော့ ထူးခြားနေမှာပါ၊ သေချာတာက မန်ယူအကောင်းဆုံးအချိန်တွေမှာတောင် ကျွန်တော်တို့ လုပ် ဆောင်ပြထားပြီးပါပြီ။”လို့ ဂါွဒီယိုလာက ဆက်လက်ပြောသွားပါသေးတယ်။

မန်ယူနဲ့ မန်စီးတီးတို့က ဒီည မြန်မာစံတော်ချိန် ၁ နာရီခွဲမှာ မန်ယူအသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားမှာဖြစ်ပြီး ပထမအကျော့ မန်စီးတီး အိမ်ကွင်းမှာ မန်စီးတီးက ၃-၁ နဲ့ နိုင်ထားပါတယ်။


loading...

က္က