loading...

loading...

loading...

အားကစားဒါရိုက်တာအဖြစ် ရေပန်းအစားဆုံးဖြစ်နေပါတယ်။
Kg Htet

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ရီယိုဖာဒီနန်ဟာ အသင်းရဲ့အားကစားဒါရိုက်တာသစ် ဖြစ်လာနိုင်ဖို့အတွက် ဖြစ်နိုင်ခြေရှိ၊ မရှိကို အသင်းဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်နဲ့ ပြောဆိုဆွေးနွေးနေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကန့်လန့်ကာနောက်ကွယ်က အခန်းကဏ္ဍတွေကို ပြန်လည်တည်ဆောက်နေပြီး ဂန္တဝင်နည်းပြကြီး ဖာဂူဆန်အနားယူသွားတဲ့ ၂၀၁၃ ခုနှစ်ကတည်းက ပြိုင်ဘက်တွေရဲ့ နောက်မှာ ကျန်ရစ်နေခဲ့ပြီးနောက် ခေတ်မီအောင် ပြန်လည်ပြုပြင်လိုနေတာ ဖြစ်ပါတယ်။

Metro ရဲ့ဖော်ပြချက်အရ မိုက်ဖီလန်ဟာ အသင်းရဲ့ ပထမဦးဆုံးသောနည်းစနစ်ဒါရိုက်တာဖြစ်လာဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပြီး မန်ချက်စတာယူနိုက်တက်အသင်းက ကစားသမားရှာဖွေစုဆောင်းမှုကို ကြီးကြပ်နိုင်ပြီး ကွင်းပြင်ပစီမံခန့်ခွဲမှုအတွက် မဟာဗျူဟာရေးဆွဲနိုင်သူကို လိုချင်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အားကစားဒါရိုက်တာအလောင်းအလျာစာရင်းထဲမှာ နာမည်များစွာ ပါဝင်နေပြီး ယခုအပတ်အစောပိုင်းမှာ ပေါလ်စခိိုးကို ယင်းရာထူး ခန့်အပ်ဖို့ ယူနိုက်တက်က စဉ်းစားနေတယ်လို့ Metro က ဖော်ပြခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း Daily Mail က ဖာဒီနန်ဟာ အားကစားဒါရိုက်တာရာထူးအတွက် ထိပ်ဆုံးက ဦးဆောင်နေပြီး ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဖာဒီနန်ဟာ အက်ဒ်ဝုဒ်ဝဒ်နဲ့ ယင်းရာထူးအတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တွေ့ဆုံခဲ့တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။


loading...

က္က