အိုလ်ဇေးကတော့ ၅ ပွဲဆက်ချန်လှပ်ခံထားရပါတယ်။

ယခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ ၂ ပွဲသာ ကစားထားရသေးပြီး ယူရိုပါလိဂ်ပွဲ လူစာရင်းမပါလာတဲ့ အပေါ် မေးခွန်းတွေကို တော့ အမ်မရီက ဖြေကြားခြင်း မပြုခဲ့တာပါ။

ယူရိုပါလိဂ် ကစားခဲ့တဲ့ လူစာရင်းမှာ အိုလ်ဇေးမပါဝင်မှုနဲ့ ပတ်သက်တဲ့ မေးခွန်းအားလုံးကို အာဆင်နယ် နည်းပြ အူနိုင်းအမ်မရီက ပယ်ချခဲ့တယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။



ဗစ်တိုးရီးယား SC ကို ၃-၂ နဲ့ နိုင်ခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ်မှာ အာဆင်နယ်ကစားသမား အိုလ်ဇေးဟာ ၅ပွဲဆက် ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။



“ဒီညက အိုလ်ဇေးအကြောင်းပြောရမယ့် ညမဟုတ်ပါဘူး။ပွဲအကြောင်းပဲ ပိုပြောစေချင်ပါတယ်။ဒီနေ့ပွဲမှာ ရှိနေခဲ့သူတွေက အမှန်တကယ်ကစားဖို့ လိုအပ်နေသူတွေပါ။ဒီထဲမှာ အိုလ်ဇေးတော့ မပါပါဘူး။ လာမယ့်တနင်္ဂနွေနေ့ပွဲအတွက် အာရုံစိုက်ထားပါပြီ။” လို့ အမ်မရီက ပြောခဲ့ပါတယ်။

အိုလ်ဇေးကတော့ ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၂ ပွဲသာ ပါဝင်ကစားပေးထားနိုင်ပါသေးပြီး နောက် ဆုံးပါဝင်ထားနိုင်ခဲ့တဲ့ပွဲကတော့ နော်တင်ဟမ်ဖောရက်စ်နဲ့ကစားခဲ့တဲ့ ကာရာဘောင်ဖလား တတိယအဆင့် ပွဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က