လက်စတာနဲ့ပွဲမှာလည်း မပါဝင်လာခဲ့ပါဘူး။

အိုလ်ဇေးဟာ ဇွန်လကစတင်ပြီး အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲ တစ်ပွဲမျှ ပါဝင်ကစားပေးထားနိုင်ခြင်း မရှိပါ ဘူး။

အာဆင်နယ်အသင်းက ဂျာမနီလက်ရွေးစင် မီဆွတ်အိုလ်ဇေးဟာ လက်စတာကို အဝေးကွင်းမှာ ၀-၂နဲ့ အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား တတိယအဆင့် ပွဲစဥ်မှာလည်း အသင်းနဲ့အတူ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။



အိုလ်ဇေးအနေနဲ့ ကိုဗစ်ကြောင့်ပွဲတွေနားထားရာမှ ပြန်လည်စတင်ခဲ့တဲ့ ဇွန်လက စတင်ပြီးတော့ အသင်းအတွက် တစ်မိနစ်မျှ ကစားပေးထားနိုင်ခြင်း မရှိသေးသလို ယခုနှစ် ရာသီအတွက် အာဆင်နယ်ကစားထားတဲ့ ၃ပွဲမှာလည်း လူစာရင်းလုံးဝမပါထားပါဘူး။

“ကျွန်တော့်အသင်းက တိုးတက်နေပါတယ်။ပိုကောင်းအောင်၊ပိုတိုးတက်အောင် လုပ်ဆောင်နေပါတယ်။အိုလ်ဇေး တစ်ဦးတည်းအတွက်မဟုတ်ပါဘူး၊ကစားသမားတွေ ပြောင်းလဲအသုံးပြုရတာ ခက်ခဲပါတယ်။အပတ်တိုင်း မှန်ကန် တဲ့ ကစားသမားတွေ အသုံးပြုနိုင်ရေး ကြိုးစားနေပါတယ်။သူလိုပဲ ပရီးမီးယားလိဂ်ပွဲတွေမှာမပါဝင်နိုင်သေးတဲ့ အ ခြားသူတွေအတွက်လည်း ခက်ခဲပါတယ်။၂၆ယောက် ၂၇ယောက်လောက်ရှိနေတဲ့ အသင်းတစ်သင်းမှာ အားလုံးကို ကစားဖို့ အခွင့်အရေးပေးဖို့ ခက်ပါတယ်။”လို့ အာတီတာက ဆိုပါတယ်။

အာတီတာက အိုလ်ဇေးလို ကစားသမားမျိုးမပါဝင် ဖြစနေရခြင်းအပေါ် မီဒီယာရဲ့ ထောက်ပြမှုအပေါ် လေးစားပြီး နားလည်ကြောင်း၊အမျှတဆုံးပွဲထွက်လူစာရင်းဖြစ်အောင်ကြိုးစားနေကြောင်း၊လူစာရင်းအားလုံးကို သူ့အတွေးနဲ့ သာ ရွေးချယ်နေခြင်းဖြစ်ကြောင်းလည်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

အိုလ်ဇေးနည်းတူ လက်စတာနဲ့ပွဲမှာ ဥရုဂွေး ကွင်းလယ်လူ တော်ရဲရားလည်း မပါဝင်လာခဲ့ပါဘူး။အဆိုပါ ကစားသ မားအနေနဲ့လည်း အသင်းက ထွက်ခွာဖို့ သတင်းထွက်ပေါ်နေပြီး အက်သလက်တီကိုနဲ့ တိုရီနိုတို့က စိတ်ဝင်စားနေ တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က