အိုလ်ဇေးကို တစ်ပတ်လုပ်ခ ပေါင် ၃သိန်းခွဲ ပေးချေနေရပါတယ်။

အိုလ်ဇေးအသင်းပြောင်းသွားမယ်ဆိုပါကလည်း လက်ကျန် လအနည်းငယ်အတွက် လစာကို အသင်းဖက်က ထောက်ပံ့ပေးဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းရဲ့ လုပ်ခမြင့်ကစားသမား အိုလ်ဇေးနှင့် လစာပေးချေရေးကိစ္စတွေ အဆင်ပြေနိုင်ဖို့ လုပ်ဆောင်နေပါပြီ။



အိုလ်ဇေးအနေနဲ့ အာဆင်နယ်မှာ တစ်ပတ်လုပ်ခ ပေါင် ၃သိန်းခွဲရရှိနေပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ် နားထားတဲ့ ဘောလုံးပွဲတွေ ပြန်စချိန်မှာတော့ အာဆင်နယ်အတွက် တစ်ပွဲမျှ ကစားပေးထားနိုင်ခြင်း မရှိပါဘူး။

အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ တစ်နှစ်ကျန်သေးပေမယ့်လည်း ကစားသမားရဲ့ အေးဂျင့်ကတော့ သူ့ ကစားသမားအနေနဲ့ ဒီနွေရာသီမှာ အသင်းပြောင်းဖို့ လုပ်ဆောင်နေပြီလို့ ထုတ်ဖော်ပြောလာတယ်လို့လည်း Daily Mail က ဖော်ပြလာပါတယ်။

ဒါပေမယ့်လည်း Mirror သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ အာဆင်နယ်အသင်းက အိုလ်ဇေးရဲ့ လက်ကျန် လအနည်းငယ်အတွက် လစာကို ပေးချေသွားမှာ ဖြစ်သလို အခြားအသင်းတစ်သင်းကို ကစားသမားအနေနဲ့ ရှာတွေ့ခဲ့မယ်ဆိုလည်း သူ့ရဲ့သူမတူတဲ့ လုပ်ခကို ထောက်ပံ့ကြေးအနေနဲ့ ပေးသွားမယ်လို့ သိရပါ‌သေးတယ်။

အသက် ၃၁နှစ်အရွယ် အိုလ်ဇေးကို ပေးချေထားတဲ့ လုပ်ခက အာဆင်နယ်အသင်းမှာ အများဆုံး လုပ်ခဖြစ်သလို အခြားပေးချေနိုင်တဲ့ အသင်းကလည်း အနညးငယ်မျှသာ ရှိပါတယ်။

ကလပ်အသင်းဖက်ကတော့ သြဂုတ်လ ပထမအပတ်ထဲမှာပဲ ကိုဗစ်ကာလအတွင်းအသင်းရဲ့ ကစားသမားမဟုတ် တဲ့ ဝန်ထမ်း ၅၅ဦးကို အလုပ်မှ ထုတ်ပယ်မယ်လို့ ကြေညာခဲ့ပါတယ်။

အလားတူပဲ ကစားသမားတွေထဲမှာလည်း ဂွမ်ဒိုဇီ၊ဆိုကရာတစ်၊မိတ်လန်နိုင်းစ်၊ကိုလာဆီနက်စ်တို့ကိုပါ ရောင်းချ သွားဖို့ လုပ်ဆောင်ထားပြီးလည်း ဖြစ်ပါတယ်။

အိုလ်ဇေးအနေနဲ့ကတော့ အာဆင်နယ်အသင်းကို ၂၀၁၃ခုနှစ်က ရီးရဲအသင်းထံကနေ ပေါင် ၄၂.၅သန်းနဲ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က