၂၂ပွဲသာကစားပေးခဲ့ရပေမယ့် ၁၂ဂိုးသွင်းကာ ၈ ကြိမ်ဖန်တီးပေးခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၂၂ပွဲသာ ကစားခဲ့ရပေမယ့်လည်း သွင်းဂိုး ၁၂ ဂိုးနဲ့ ဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။


ဘရူနိုဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလကမှ အသင်းကိုရောက်ရှိခဲ့ပေမယ့်လည်း ဖာနန်ဒက်စ်ဟာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီးချိန်မှာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 



ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၂၂ပွဲသာ ကစားခဲ့ရပေမယ့်လည်း သွင်းဂိုး ၁၂ ဂိုးနဲ့ ဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၃ နေရာရရှိအောင် ယူနိုက်တက်အတွက် စွမ်းဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။

ပထမရာသီဝက်ကာလမှ ရလဒ်တွေဆက်တိုက်ဆိုးရွားနေခဲ့တဲ့ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ရောက်ရှိခဲ့ပြီးနောက် ရလဒ်တွေဆက်တိုက်ကောင်းမွန်ခဲ့ပါတယ်။ တစ်နှစ်တာအကောင်းဆုံးဆုကို ရရှိဖို့ ဖာနန်ဒက်စ်ဟာ အန်သိုနီမာရှယ်နဲ့ အပြိုင်အဆိုင်ဖြစ်နေခဲ့ပြီး မဲပေးမှုမှာ ၁% အသာစီးရရှိခဲ့ပြီး နှာတဖျားအသာနဲ့ အကောင်းဆုံးဆုကို ရရှိခဲ့တယ်လို့ ယူနိုက်တက်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ဖော်ပြချက်အရ သိရပါတယ်။

ဖာနန်ဒက်စ်က ၃၅%၊ မာရှယ်က ၃၄% နဲ့ ထိပ်ဆုံးမှာရှိနေခဲ့ပြီး မားကပ်စ်ရက်ရှ်ဖို့ဒ်က တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဖာနန်ဒက်စ်အနေနဲ့ ရာသီဝက်ကာလမှ ရောက်ရှိလာပြီး ယူနိုက်တက်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစးသမားဆုကို ရရှိခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာတယ်လို့လည်း သိရှိရပါတယ်။ 

Share

Loading Next Article...
က္က