ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဇွန် ၂ရရက်နေ့မှာ ကျင်းပဖို့ရှိနေတာပါ။
Win Kyaw Min

၂၀၁၉-၂၀ ဘောလုံး့ရာသီအက်ဖ်အေဖလားပွဲစဉ်တွေကို လာမယ့်ဇွန်လအတွင်း ပြန်လည်ကျင်းပဖို့ရှိနေပြီး ကွာ တားဖိုင်နယ်အဆင့်ကိုရောက်ရှိနေပြီလည်းဖြစ်ပါတယ်။

အက်ဖ်အေတာဝန်ရှိသူတွေအနေနဲ့ သြဂုတ် ၁ရက်နေ့တွင် ကျင်းပဖို့လျာထားတဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီအက် ဖ်အေဖလားဗိုလ်လုပွဲစဉ်ကို ပရိသတ်အချို့ကြည့်ရှု့ခွင့်ရရှိဖို့အတွက် စီစဉ်နေပြီး COVID-19 ကူးစက်မှုကိုလျော့ ချနိုင်ခဲ့ပါက ပရိသတ် ၂၀,၀၀၀ အထိ ဝင်ခွင့်ပြုဖို့ရှိနေတယ်လို့ thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။

၂၀၁၉-၂ဝဘောလုံးရာသီလက်ကျန်ပွဲစဉ်တွေ လာမယ့်ဇွန် ၁ရရက်နေ့မှာ ပြန်လည်စတင်မယ်လို့ အတည်ပြုထား ပြီး ကွာတားဖိုင်နယ်အဆင့်ရောက်ရှိနေပြီဖြစ်တဲ့ အက်ဖ်အေဖလားရှုံးထွက်ပွဲစဉ်တွေကိုလည်း ဇွန်လအတွင်းပြန် လည်ကျင်းပဖို့ ရှိနေတာလည်းဖြစ်ပါတယ်။



သတင်းဖော်ပြမှုအရ အက်ဖ်အေဖလားဗိုလ်လုပွဲကို ပုံမှန်ကျင်းပနေကြ ပရိသတ် ၉၀,၀၀၀ ဝင်ဆံ့တဲ့ ဝင်ဘလေ ကွင်းမှာပဲ ကျင်းပဖို့ရှိနေတာဖြစ်ပြီး ဗိုလ်လုပွဲရောက်အသင်းတစ်သင်းဆီကို ပရိသတ် ၁၀,၀၀၀ ဆီဝင်ရောက်ကြ ည့်ရှု့ခွင့်ရရှိဖို့ ရှိနေခဲ့တာပါ။

ကွာတားဖိုင်နယ်အဆင့်ရောက်ရှိနေပြီဖြစ်တဲ့ အက်ဖ်အေဖလားပြိုင်ပွဲကို ပရီးမီးယားလိဂ်အသင်းအားလုံးတက်ေ ရာက်ထားနိုင်ခဲ့တာဖြစ်ပြီး ရှက်ဖီးလ်ယူနိုက်တက်-အာဆင်နယ်၊ နယူးကာဆယ်-မန်စီးတီး၊ နောဝစ်ချ် - မန်ယူနို က်တက်၊ လက်စတာ-ချဲလ်ဆီးတို့ ထိပ်တိုက်တွေ့ဆုံနေတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းတွေအရ အက်ဖ်အေဖလားဗိုလ်လုပွဲစဉ်ကို ပရိသတ်တွေနဲ့အတူ ကျင်းပနို်င်ခဲ့ပါက လာမယ့်ရာ သီသစ်ပွဲစဉ်တွေအတွင်း ကွင်းပိတ်ကစားမယ့်ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ကြဖို့ရှိနေတယ်လို့လည်း သုံးသ ပ်ဖော်ပြမှုတွေရှိနေပြန်ပါတယ်။


Author

  • Win Kyaw Min

က္က