အူဘာမီယန်းက အက်ဖ်အေဖလားကို ပြုတ်ကျအောင်ကိုင်ခဲ့ဖူးလို့ပါ။

အက်ဖ်အေဖလားအထာကို မသိခဲ့တော့ ဆုဖလားကိုင်မြှောက်ဖို့ လုပ်ချိန် ပြုတ်ကျပြီး အားလုံး ရယ်စရာ ဖြစ်ခဲ့ကာ ဒီတစ်ခါတော့ အဲ့လို မဖြစ်အောင် ကားပေါ်မှာ သေချာ ခါးပတ် ပတ်ထားတာကို အူဘာက နောက်ပြောင်ပြီး ဗီဒီယို တင်လိုက်တာပါ။



အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းဟာ ကွန်မြူနတီဒိုင်းကြီးကို ခုံပေါ်မှာ ခါးပတ်သေချာပတ်ထားပေး ပြီး ပြုတ်မကျအောင် လုပ်ထားတာကို ဗီဒီယိုရိုက်ပြီး ဖော်ပြလာပါတယ်။



“ထိုင်ခုံခါးပတ်က အရမ်းအရမ်းအရေးကြီးပါတယ်၊ဒီလိုဆိုရင် ဘယ်လိုမှ ပြုတ်မကျနိုင်တော့ဘူးလေ၊”လို့ အူဘာက ဗီဒီယိုမှာ ပြောခဲ့တာပါ။

အကြောင်းကတော့ အူဘာမီယန်းဟာ အက်ဖ်အေဖလား ချန်ပီယံ ဖြစ်တုန်းက ဆုဖလားကိုင်မြှောက်ဖို့ လုပ်ဆောင် ရာမှာ ပြုတ်ကျသွားခဲ့တာပါ။



ဒါကလည်း အူဘာအနေနဲ့ အာဆင်နယ်နဲ့အတူ အက်ဖ်အေဖလားကိုပထမဆုံး ကိုင်မြှောက်တာဖြစ်ပြီး ဆုဖလားရဲ့ အထာကို ကောင်းကောင်းမသိသေးခဲ့လို့ ဖြစ်ပါတယ်။

ဒါကြောင့် ဒီတစ်ခေါက် ကွန်မြူနတီဒိုင်းကိုတော့ အသင်းဘတ်စ်ကားနဲ့အပြန်မှာပြုတ်မကျအောင် သေချာ ခါးပတ် ပတ်ပေးထားခဲ့တာလို့ နောက်ပြောင်ပြီး ဗီဒီယိုတင်လာတာပါ။

အူဘာမီယန်းကတော့ အာဆင်နယ်အတွက် အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းဗိုလ်လုပွဲတွေမှာ သွင်းဂိုးတွေ သွင်းယူပေးပြီး ချန်ပီယံ ဖြစ်စေခဲ့သူပါ။


လာမယ့် နွေရာသီမှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် အူဘာကို အာဆင်နယ်အသင်းက စာချုပ်သစ် ထပ်မံ ကမ်းလှမ်း ဖို့ရှိနေပြီး လက်ရှိအချိန်ထိတော့ တရားဝင် စာချုပ်သက်တမ်းတိုးနိုင်ခြင်း မရှိသေးပါဘူး။

Share

Loading Next Article...
က္က