အက်ဖ်အေအနေနဲ့ အတည်ပြုချက်အချို့ထပ်မံထုတ်ပြန်ဖို့ရှိနေပါတယ်။

၁၆သင်းအဆင့်ပွဲစဉ်တွေကို ပြီးခဲ့တဲ့ မတ်လအစောပိုင်းကယှဉ်ပြိုင်ကစားစေပြီးဖြစ်လို့ ကွာတားဖိုင်နယ်အဆင့် အဖြစ် အသင်း ၈သင်းက ဆက်လက်ယှဉ်ပြိုင်ရဖို့ရှိနေတာပါ။

၂၀၁၉-၂၀ ဘောလုံးရာသီအက်ဖ်အေဖလားနောက်ဆုံးအဆင့်ပွဲစဉ်တွေကို လာမယ့် ဇွန်၊ ဇူလိုင်လတွေအတွင်း အပြီးကျင်းပဖို့ လျာထားပြီး ဗိုလ်လုပွဲစဉ်ကိုတော့ သြဂုတ်လပထမရက်သတ္တပတ်အတွင်း အပြီးယှဉ်ပြိုင်ကစားေ စဖို့ရှိနေတယ်လို့ dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

လက်ရှိမှာ ၁၆သင်းအဆင့်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားစေပြီးဖြစ်တဲ့အတွက် လာမယ့်အဆင့်တွင် အသင်း၈သင်း တည်းသာပါဝင်မယ့် ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကိုသာ ယှဉ်ပြိုင်ကစားစေဖို့ရှိနေတာဖြစ်ပြီး ဇွန်လအတွင်း ကျင်းပဖို့ ရှိနေခဲ့တာပါ။



သတင်းထွက်ပေါ်မှုတွေအရ နောက်ဆုံးဗိုလ်လုပွဲစဉ်ကို အစိုးရရုံးပိတ်ရက်ဖြစ်တဲ့ သြဂုတ် ၈ရက်နေ့မှာ ကျင်းပနို င်ဖို့နဲ့ COVID-19 ကာကွယ်မှုတစ်ခုဖြစ်မယ့် ပရိသတ်ဝင်ရောက်မှုနည်းနိုင်တဲ့ ကြားရက် သြဂုတ် ၅ရက်နေ့မှာကျ င်းပနိုင်ဖို့တို့အတွက် ညှိနှိုင်းမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။

နောက်ဆုံး ၈သင်းအဆင့်အဖြစ်တဲ့ ကွာတားဖိုင်နယ်ကို ပရီးမီးယားလိဂ်အသင်းအားလုံးတက်ရောက်လာနိုင်ခဲ့ တာဖြစ်ပြီး ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီး၊ မန်စီးတီး၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ လက် စတာတို့နဲ့အတူ နောဝစ်ချ်၊ ရှက်ဖီးလ်ယူနိုက်တက်၊ နယူးကာဆယ်တို့ ပါဝင်လာခဲ့တာလည်းဖြစ်ပါတယ်။

ကွာတားဖိုင်နယ်ပွဲစဉ်တွေအတွက် ထွက်ပေါ်ထားတဲ့ မဲခွဲရလဒ်တွေအရ လက်စတာ - ချဲလ်ဆီး၊ နယူးကာဆယ် - မန်စီးတီး၊ ရှက်ဖီးလ်ယူနိုက်တက် - အာဆင်နယ်၊ နောဝစ်ချ် - မန်ချက်စတာယူနိုက်တက်တို့ ထိပ်တိုက်တွေ့ဆုံ နေတာဖြစ်ပြီး ဇွန်လ တတိယရက်သတ္တပတ်အတွင်း ယှဉ်ပြိုင်နိုင်စေဖို့ လျာထားတယ်လို့လည်း သတင်းဖော်ပြမှု တွေရှိနေခဲ့ပါတယ်။



က္က