မန်စီးတီး နဲ့ ဝက်ဖို့ဒ်တို့ ဗိုလ်လုပွဲကစားရမှာပါ။
Pyae Phyo Thein

မန်ချက်စတာစီးတီး နဲ့ ဝက်ဖို့ဒ်တို့ရဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲကို မေလ (၁၈)ရက်နေ့ (စနေနေ့)မှာ ကစားကြတော့မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဖလား နဲ့ ကာရာဘောင်းဖလားတို့ကို ဆွတ်ခူးထားပြီး ဖြစ်တဲ့ မန်စီးတီးဟာ ဝက်ဖို့ဒ်ကို အနိုင်ရခဲ့မယ်ဆိုပါက တစ်ရာသီအတွင်းြ ပည်တွင်းဖလား (၃)လုံးကို ဆွတ်ခူးနိုင်မှုအဖြစ် စံချိန်တင်နိုင်မှာလည်း ဖြစ်ပါတယ်။

ဝက်ဖို့ဒ်ကတော့ အသင်းသမိုင်းမှာ အဓိကဆုဖလားတစ်လုံးကို ရရှိမယ့် အခွင့်အရေးနဲ့ ကြုံတွေ့နေရပေမယ့်လည်း ပြိုင်ဘက်က မန်စီးတီးဖြစ်နေတဲ့အတွက် ခက်ခဲတဲ့ ပွဲစဉ်တစ်ခုတော့ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဆုဖလားဆွတ်ခူးမယ့်အသင်းဟာ ဆုကြေးငွေအများအပြားကို ဆွတ်ခူးရရှိမယ်လို့လည်း သိရပါတယ်။



အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်မယ့်အသင်းဟာ ပေါင် (၃.၆)သန်းအထိ ရရှိမှာဖြစ်ပြီးတော့ ဒုတိယရအသင်းကတော့ ပေါင် (၁.၈)သန်း ရရှိမှာ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ရာသီက ချီးမြှင့်ခဲ့တဲ့ ဆုကြေးငွေထက် (၂)ဆပိုမိုများပြားခဲ့တာလည်း ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ဘရိုက်တန် နဲ့ ဝုလ်ဗ်တို့ကတော့ ဆုကြေးငွေ ပေါင် (၉)သိန်းစီ ရရှိမှာ ဖြစ်ပါတယ်။

၂၀၁၉ အက်ဖ်အေဖလားနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အဓိကအချက်တွေကိုလည်း Talk Spors က အခုလို ဖော်ပြခဲ့ပါတယ်။

၅ - နယူးပို့တ်ကောင်တီအသင်းရဲ့ တိုက်စစ်မှူး အာမွန်က သွင်းဂိုး (၅)ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်နေပါတယ်။

၂၀ - မန်စီးတီးရဲ့ စုစုပေါင်းသွင်းဂိုးအရေအတွက်ဖြစ်ပြီး ရော့သာဟမ်ကို (၇)ဂိုး၊ ဘန်လေကို (၅)ဂိုး၊ နယူးပို့တ်ကို (၄)ဂိုး၊ ဆွမ်ဆီးကို (၃)ဂိုး နဲ့ ဘရိုက်တန်တို့ကို (၁)ဂိုးစီ သွင်းခဲ့ပါတယ်။

၉ - ဝက်ဖို့ဒ်ကတော့ သွင်းဂိုး (၉)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ရောက်တဲ့အထိတော့ ပေးဂိုးမရှိခဲ့ပါဘူး။

၁၁ - မန်စီးတီးအတွက် (၁၁)ကြိမ်မြောက် ဗိုလ်လုပွဲဖြစ်ပြီး အရင် (၁၀)ကြိမ်မှာ (၅)ကြိမ်ဗိုလ်စွဲထားခဲ့ပါတယ်။

၁၉၈၄ - ဝက်ဖို့ဒ်တို့ အက်ဖ်အေဖလားမှာ နောက်ဆုံးအကြိမ်ဗိုလ်လုပွဲတက်ခဲ့တဲ့ ခုနှစ် ဖြစ်ပါတယ်။ အဲဗာတန်ကို (၂-ဝ)နဲ့ အရေးနိမ့်ခဲ့ပါတယ်။

၁၀ - ပြီးခဲ့တဲ့ ဗိုလ်လုပွဲ (၁၂)ကြိမ်မှာ မန်စီးတီး၊ ယူနိုက်တက်၊ အာဆင်နယ် နဲ့ ချယ်လ်ဆီးတို့က (၁၀)ကြိမ်ဗိုလ်စွဲခဲ့ပြီး အဆိုပါအသင်းတွေပြင်ပက ပို့စ်မောက်စ် နဲ့ ဝီဂန်တို့ ဗိုလ်စွဲခဲ့ပါတယ်။

၁၃- အက်ဖ်အေဖလားကို အကြိမ်အများဆုံး ဆွတ်ခူးထားတဲ့ အာဆင်နယ်ရဲ့ အောင်မြင်မှုအရေအတွက်ပါ။

၇၃၆ - ဒီရာသီ အက်ဖ်အေဖလားပြိုင်ပွဲကို ဝင်ရောက်ကစားခဲ့တဲ့ အသင်းအရေအတါက်ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကထက် တစ်သင်းလျော့နည်းခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က