ကိန်းက သူ့အတွက် လေးဂိုးဖန်တီးပေးခဲ့တာပါ။
Pyae Phyo Thein

ပွဲအပြီးအင်တာဗျူးမှာလည်း မော်ရင်ဟိုက ဆွန်ဟောင်မင်ကို နောက်ပြောင်ခဲ့ပြီး အကောင်းဆုံးကစားသမားဆုကို ဟယ်ရီကိန်းကိုပေးသင့်တယ်လို့ ကျီစယ်သွားခဲ့တာပါ။ 


စပါးနည်းပြမော်ရင်ဟိုက ဆောက်သမ်တန်နဲ့ပွဲမှာ တစ်ဂိုးသွင်းပြီး လေးကြိမ်ဖန်တီးပေးခဲ့တဲ့ တိုက်စစ်မှူးဟယ်ရီကိန်းဟာ ဒီထက်မကတဲ့ ဂုဏ်ပြုမှုကိုရရှိသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ပွဲအပြီးအင်တာဗျူးမှာလည်း မော်ရင်ဟိုက ဆွန်ဟောင်မင်ကို နောက်ပြောင်ခဲ့ပြီး အကောင်းဆုံးကစားသမားဆုကို ဟယ်ရီကိန်းကိုပေးသင့်တယ်လို့ ကျီစယ်သွားခဲ့တာပါ။ 

အဲဗာတန်ကို အဖွင့်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ စပါးဟာ ဆောက်သမ်တန်နဲ့ပွဲမှာတော့ ပြန်လာနိုင်ခဲ့ပြီး ဆွန်ဟောင်မင်တစ်ဦးတည်းက လေးဂိုးသွင်းကာ ဟယ်ရီကိန်းက အဆိုပါလေးဂိုးစလုံးကို ဖန်တီးပေးခဲ့ပြီး သူကိုယ်တိုင်ကလည်း တစ်ဂိုးသွင်းယူကာ စပါးကို ၅-၂ နဲ့ အနိုင်ရရှိစေခဲ့ပြီး မော်ရင်ဟိုကို စိတ်သက်သာရာရအောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ 

ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ဆွန်ဟောင်မင်က ရရှိခဲ့ပြီး BBC နဲ့ အင်တာဗျူးပြုလုပ်နေစဉ်မှာ မော်ရင်ဟိုက "အကောင်းဆုံးကစားသမားဆုက ဟယ်ရီကိန်းပဲ" လို့ ဝင်ရောက်နောက်ပြောင်ခဲ့ပါတယ်။ ဒီအပေါ်မှာ ဆွန်ဟောင်မင်ကလည်း ရယ်မောပြီးတော့ "ဟုတ်ပါတယ်" လို့ ထောက်ခံပြောဆိုခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။



ဆွန်ဟောင်မင်က "ဟယ်ရီက အကောင်းဆုံးကစားသမားပဲလို့ ကျွန်တော်ပြောနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ သူက တစ်ဂိုးသွင်းပြီး လေးကြိမ်ဖန်တီးပေးခဲ့လို့ပါ၊ ဟယ်ရီနဲ့ ကျွန်တော်တို့က အချိန်တော်တော်ကြာကြာ အတူတူကစားနေခဲ့ကြတာပါ၊ ဒါကခြောက်ရာသီမြောက်ပေါ့၊ တစ်ဦးနဲ့တစ်ဦးအထာသိနေပြီဖြစ်ပြီး ဆက်ဆံရေးကောင်းတွေကလည်း ကွင်းတွင်းကွင်းပြင်မှာရှိနေပါတယ်"

"ကျွန်တော်ို့ အခုလိုမျိုး နားလည်မှုရှိအောင် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရတယ်လို့ ထင်ပါတယ်၊ အခုကတော့ မပြည့်စုံသေးဘူးလို့ထင်ပါတယ်၊ ဒီထက်မကပြည့်စုံအောင် ကြိုးစားရဦးမှာပါ" လို့ ဆွန်ဟောင်မင်ကပြောဆိုသွားခဲ့ပါတယ်။ ဆွန်ဟောင်မင်ကတော့ ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ၁၁ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အခုအခါမှာ လေးဂိုးအထိရခဲ့ပြီဖြစ်လို့ ပြီးခဲ့တဲ့ရာသီကထက် သွင်းဂိုးတွေပိုများလာမယ်လို့ မျှော်လင့်ရပါတယ်။

"ပရီးမီးယားလိဂ်မှာ ကျွန်တော်လေးဂိုးသွင်းယူနိုင်တာ ပထမဆုံးပါပဲ၊ ဒါပေမယ့် ဒီအတွက် အသင်းဖော်တွေကို ကျေးဇူးတင်ရမှာပါ၊ အထူးသဖြင့်တော့ ဟယ်ရီပေါ့၊ သူ့ဆီက အံ့အားသင့်စရာစွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပြီးတော့ အရမ်းကောင်းမွန်တဲ့ ပေးပို့မှုတွေပါ၊ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ ဟက်ထရစ်ရယူနိုင်ခဲ့တာက

ကြီးမားတဲ့ဂုဏ်ယူစရာတစ်ခုပါပဲ၊ ကျွန်တော်ဒီအတွက် အရမ်းကျေနပ်သလို ဂုဏ်ယူမိပါတယ်" လို့ သူ့ရဲ့တွစ်တာကနေ ဆွန်ဟောင်မင်ရေးသားပြောဆိုခဲ့့ပါတယ်။ 


Author


က္က