ကိုးလ်ရဲ့စံချိန်ကို လိုက်လံတုပနိုင်မယ်လို့ ဘန်က ယုံကြည်ထားတာပါ။

ကိုးလ်က ချဲလ်ဆီးမှာ ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ်ဆုဖလားတွေ ပိုင်ဆိုင်ခဲ့ပြီး ဘန်ကတော့ ကိုးလ်ကို ငယ်ကတည်းက ကြည့်ပြီး ဘောလုံးကစားလာတာလို့ ဆိုပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ဘယ်နောက်ခံလူနေရာမှာ စွမ်းစွမ်းတမံ စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အသင်းပရိသတ်တွေရဲ့ အသိအ မှတ်ပြုခြင်းကို ခံခဲ့ရတဲ့ ဘယ်နောက်ခံလူဟောင်း အက်ရှ်လေးကိုးလ်ရဲ့ နေရာမှာ အစားထိုးနိုင်မယ်လို့ ဘန်ချီဝဲလ် က ယုံကြည်နေပါတယ်။



ဘန်ချီဝဲလ်ကတော့ ချဲလ်ဆီးအသင်းကို ပေါင်သန်း ၅၀နဲ့ ၅နှစ်စာချုပ်ချုပ်ဆိုပြီး လက်စတာအသင်းကနေ ပြောင်း ရွှေ့လာခဲ့သူပါ။

“ကျွန်တော့်အတွက်အကောင်းဆုံး အခိုက်အတန့်ပါ။ကျွန်တော့်အနေနဲ့ကစားသမားဟောင်း ကိုးလ်ရဲ့ စံနှုန်းတွေကို လည်း လိုက်မီအောင် ကြိုးစားမှာပါ။ငယ်ကတည်းက ကိုးလ်ကစားတာကိုကြည့်ပြီး ကြိုက်နှစ်သက်ခဲ့တာဖြစ်လို့ သူက အသင်းမှာ ဘယ်လောက် လေးစားမှုခံခဲ့ရလဲသိပါတယ်။ဒါကလည်း ဒီကိုပြောင်းလာဖြစ်တဲ့ အဓိက အကြောင်းရင်းတစ်ခု အဖြစ် ရှိနေပါတယ်။”လို့ ဘန်က ကလပ်အသင်းရဲ့ ဝက်ဘ်ဆိုဒ်ကိုပြောသွားပါတယ်။

ကိုးလ်ကတော့ ချဲလ်ဆီးမှာ ကျင်လည်ခဲ့စဥ် ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်၊ယူရိုပါလိဂ်ဆုဖလားတွေကို ဆွတ်ခူး နိုင်ခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အားထားရတဲ့ ဘယ်နောက်ခံလူလည်း ဖြစ်ပါတယ်။

ကိုးလ်ကို စံပြုထားတဲ့ ဘန်ချီဝဲလ်အတွက်တော့ ချဲလ်ဆီးမှာ ကိုးလ်နဲ့ ကစားဖော်ဖြစ်ခဲ့ဖူးတဲ့ ကလပ်အသင်း ဂန္တဝင် ကစားသမားဖြစ်ခဲ့ဖူးတဲ့ နည်းပြ လမ်းပတ်ရဲ့ လက်အောက်မှာ ကစားရမှာ ဖြစ်ပါတယ်။

“လမ်းပတ်က အသင်းမှာ ကြီးကျယ်ခမ်းနားသူပါ။ဒီလိုလူကိုင်တွယ်နေတဲ့ကလပ်အသင်းကလည်း ပိုလို့ကြီးကျယ် ခမ်းနားပါတယ်။ဒါကလည်း ကစားသမားတွေ သူတို့ဘဝမှာ အလိုချင်ဆုံးအရာပါ။ဒါကလည်း ကျွန်တော်ကလပ်ကို လာချင်တဲ့ အဓိက အကြောင်းထဲကတစ်ခုပါ။”လို့ ဘန်က ဆက်လက်ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က