loading...

loading...

loading...

ကြယ်ပွင့်ကစားသမားအချို့ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
Kg Htet

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ ယခုနွေရာသီမှာ အပြောင်းအရွှေ့ဘတ်ဂျက်အဖြစ် ပေါင်သန်း ၂၅၀ အထိ ရရှိမယ်လို့ တစ်ကြိုပေးခြင်းခံနေရပြီး ပြီးခဲ့တဲ့ ရာသီတွေမှာလည်း ယူနိုက်တက်ဟာ ငွေကြေးများစွာ သုံးစွဲခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ဘာစီလိုနာကို ၂ ကျော့ပေါင်း ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ထွက်ပေါ်လာတဲ့သတင်းဖြစ်တာကြောင့် တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူးလို့ဆိုရမှာပါ။ နောက်ဆုံး ၇ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ထားတဲ့ မန်ချက်စတာယူနိုက်တက်ဟာ အားနည်းချက်တွေ များစွာရှိနေပြီး ဥရောပထိပ်တန်းအဆင့်ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နိုင်စွမ်းမရှိကြောင်း အထင်အရှား မြင်တွေ့ခဲ့ကြရပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ အင်္ဂါနေ့ညမှာ အသင်းအနေနဲ့ အလုပ်ပြီးဆုံးအောင်လုပ်ဖို့နဲ့ အသင်းရဲ့ ယခင်အဆင့်အတန်းကို ရောက်ရှိဖို့အတွက် ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေကြောင်း ညည်းတွားသွားခဲ့ပါတယ်။ ဆိုးလ်ရှားဟာ အဓိကအားနည်းနေတဲ့ သော့ချက်နေရာတွေကို အတည်ပြုထားပြီး အသင်းဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်ကလည်း ငွေကြေးထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

Daily Mirror ရဲ့ဖော်ပြချက်အရ ဆိုးလ်ရှားဟာ ယခုနွေရာသီမှာ ယူရိုသန်း ၂၅၀ အထိ သုံးစွဲခွင့်ရရှိသွားမယ်လို့ သိရပြီး ချယ်ဆီးလူငယ်ကြယ်ပွင့် ဟတ်ဒ်ဆန်အိုဒွိုင်းနဲ့ ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် ဒီကလန်ရိုက်စ်တို့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။


loading...

က္က