ကစားသမားအပြောင်းအလဲအချို့ပြုုလုပ်ဖို့ရှိနေခဲ့တာပါ။
Win Kyaw Min

ရာသီကုန်အပြောင်းအရွှေ့စျေးကွက်ကာလအတွင်း ကစားသမားသစ်အချို့ခေါ်ယူဖို့ ယူနိုက်တက်တို့ပြင်ဆင်နေ ခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းတာဝန်ရှိသူတွေအနေနဲ့ ရာသီအပြောင်းအရွှေ့အတွက် ကစားသမားသစ်များခေါ်ယူဖို့စတ င်ပြင်ဆင်နေခဲ့ပြီဖြစ်သလို ၀ါရင့်ကစားသမားနှစ်ဦးဖြစ်တဲ့ မာတစ်၊ စမောလင်းတို့ရဲ့ အနာဂတ်အခြေအနေတွေနဲ ပတ်သက်ပြီးအတည်ပြုမှုကို dailymail က ကိုးကားဖော်ပြမှုများပြုလုပ်ခဲ့ပါတယ်။

၀ါရင့်နောက်ခံလူဖြစ်တဲ့ စမောလင်းအနေနဲ့ အီတလီစီးရီးအေကလပ်ရိုးမားအသင်းသို့အငှားသွားရောက်ကစားေ နခဲ့တာဖြစ်ပြီး ခြေစွမ်းပြကစားနိုင်မှုများကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းတွင် ပြန်လည်မြင်တွေ့ရဖို့ရှိနေတ ယ်လို့ သုံးသပ်မှုများရှိနေခဲ့ပေမယ့် ယူနိုက်တက်အသင်းကတော့ ကစားသမားကိုခေါ်ယူလိုပါက ပေါင် ၂၅သန်း ပေးချေဖို့ လိုအပ်တယ်လို့ အတည်ပြုသတင်းထုတ်ပြန်လိုက်ခဲ့တာပါ။



နည်းပြဆိုးလ်ရှားအနေနဲ့ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဖီးလ်ဂျုံးစ်၊ လုခ်ရှော၊ ဝမ်ဘစ်စကာတို့ရှိနေတဲ့ ခံစစ်ပိုင်း အတွက် အင်အားသစ်ဖြည့်တင်းမှုပိုင်းပြုလုပ်ဖို့ထက် ကစားသမားအချို့ကို ရောင်းထုတ်ဖို့ရှိနေပြီး စမောလင်း ကိုလည်း ထိုက်တန်တဲ့ပြောင်းရွှေ့ကြေးတစ်ရပ်ရရှိပါက လက်လွှတ်ဖို့ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

အခြားဝါရင့်ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်ကစားသမားမာတစ်ကိုတော့ အသင်းမှာဆက်ထိန်းထားနိုင်ဖို့ ဆန္ဒရှိနေခဲ့တာဖြစ်ပြီး နည်းပြဆိုးလ်ရှားရဲ့တောင်းဆိုချက်အရ ကစားသမားဖြစ်သူကို လာမယ့် ၂၀၂၀-၂၁ ဘော လုံးရာသီကုန်ဆုံးချိန်အထိ သက်တမ်းတိုးစာချုပ်တစ်ရပ်ချုပ်ဆိုဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းတွေအရ ယူနိုက်တက်အနေနဲ့ လက်ရှိအသင်းမှာခြေစွမ်းပြနေတဲ့ကစားသမားအများစုကိုဆက် ထိန်းထားနိုင်ဖို့ပြင်ဆင်နေပြီး အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူးအီဂါလိုကိုလည်း အပြီးသတ်စာချုပ်ချုပ်ဆိုခေါ် ယူနိုင်ဖို့ ဆန္ဒရှိနေခဲ့သလို ကွင်းလယ်ကစားသမားသစ်အချို့ကိုလည်း စောင့်ကြည့်လေ့လာမှုတွေရှိနေတယ်လို့ thesun ကလည်း ဖော်ပြထားခဲ့တာပါ။


က္က