အဓိက ကစားသမားတွေ ဒဏ်ရာရနေလို့ ကစားသမားအလုံအလောက် မရှိလို့ပါ။
Kyaw Ko Ko Sint

အသင်းရဲ့ အဓိက ကစားသမား ၇ဦးလောက် ဒဏ်ရာရသူကရ၊ကိုဗစ်ကြောင့် သီးသန့် နေထိုင်ရသူကနေရ ဖြစ်နေ တာတွေကြောင့် ဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ လက်ရှိမှာ ကစားသမား အကန့်အသတ်နဲ့သာ အသုံးပြုနေနိုင်တယ်လို့ ဝုလ်ကို အနိုင်ရခဲ့ တဲ့ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

မန်စီးတီးအနေနဲ့ ဝုလ်ကို ဒီဘရိုင်း၊ဖီးလ်ဖိုဒန်ဂျီးဆပ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အဝေးကွင်းမှာ လှလှပပ အနိုင်ယူပြ နိုင်ခဲ့တာပါ။

အဆိုပါ ပွဲမှာတော့ အသင်းရဲ့အဓိကကစားသမားတွေဖြစ်ကြတဲ့ ကန်ဆယ်လို၊ ဘာနန်ဒိုဆေးလ်ဗား၊ ဇင်ချန်ကို၊ အဂူရို၊လာပေါ်တေနဲ့အဲရစ်ဂါစီယာတို့ အပါအဝင် ကိုဗစ်ကြောင့် သီးသန့် နေထိုင်နေရတဲ့ ဂန်ဒိုဂန်တို့ မပါဝင် လာသေးပါဘူး။

မန်စီးတီးအနေနဲ့ ဒီအချိန်မှာ ကာရာဘောင်ဖလား ရှုံးထွက်ပြိုင်ပွဲကို ကစားဖို့ ရှိနေပြီး ပထမဆုံး စတင် ကစားရ ချိန်မှာပဲ မရှုံးနိမ့်ဖို့ အစွမ်းကုန် ကြိုးစားဖို့ လိုနေတယ်ဆိုတာ နည်းပြ ပတ်အနေနဲ့ နားလည်ထားပါတယ်။

“ ကစားသမား ၇ဦးလောက် အသင်းနဲ့ ရှိမနေနိုင်ပါဘူး။ဝုလ်နဲ့ပွဲမှာ သုံးခဲ့တဲ့ ကစားသမား အင်အားလောက် လာ မယ့်ပွဲမှာ မသုံးနိုင်ပါဘူး။လက်စတာနဲ့လည်း ကစားရအုံးမယ်။ဒါကြောင့် ဒီပွဲမှာ အကယ်ဒမီက ကစားသမား အများစုကို အခွင့်အရေးပေးပြီး ပရီးမီးယားလိဂ်အတွက် အင်အားချွေတာရပါမယ်။”လို့ ဂွါဒီယိုလာက ပြောခဲ့ တယ်လို့ Independent သတင်းဌာနက ဖော်ပြလာပါတယ်။

မနေ့က ဝုလ်နဲ့ ကစားခဲ့တဲ့ ပွဲက ကစားသမား ဘယ်နှစ်ဦးလောက် လာမယ့် ဘုန်းမောက်နဲ့ပွဲမှာ ပါဝင်လာနိုင်ပြီး လက်စတာနဲ့ပွဲအတွက် ဘယ်လိုတွေ အနားပေးရမလဲဆိုတာ ပြန်လည်စိစစ်ဖို့ လိုသေးတယ်လို့လည်း ပတ်က ဆိုပါ သေးတယ်။

“၃ရက်ပဲရှိပါတယ်။ကာရာဘောင်ဖလားကို ကျွန်တာ်တို့ ၃ကြိမ်ဆက်ရထားပြီး ဆက်လက်လိုချင်နေပေမယ့်လည်း ကျွန်တော်တို့မှာ လူမရှိပါဘူး။၃ရက်တစ်ပွဲနှုန်းနဲ့ ကစားနေချိန်မှာ လူမရှိလို့ ဒါကို ဘယ်လို လုပ်ဆောင်သင့်လဲ ဆိုတာ အကယ်ဒမီကစားသမားတွေက အဖြေပါပဲ။”လို့ ပတ်က ဆက်လက်ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က