ကလပ်အသင်းဖက်က ဆုံးဖြတ်ရမှာပါ။

ဆာလာက အသက်ကျော် ကစားသမားအဖြစ် အီဂျစ်အသင်းရဲ့ အိုလံပစ် လူစာရင်းမှာ ထည့်သွင်းခြင်းခံထားရတာ ဖြစ်ပါတယ်။

Image result for salah in olympic tournament



၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲအတွက် အီဂျစ်အသင်းက ပဏာမ ကစားသမား ၅၀ ဦးစာရင်းမှာ လီဗာပူး တိုက်စစ်မှူး ဆာလာကိုလည်း ထည့်သွင်းထားပါတယ်။

အသက် ၂၃ နှစ်အောက်ပြိုင်ပွဲဖြစ်ပေမယ့် စည်းမျဥ်းအရ အသက်ကျော် ကစားသမား၃ ဦးပါဝင်ခွင့်ရှိတာကြောင့် အခုလို ဆာလာကို ထည့်သွင်းထားတာလည်း ဖြစ်ပါတယ်။



ဆာလာအနေနဲ့ နိုင်ငံအသင်းရဲ့ ပဏာမစာရင်းမှာ ထည့်သွင်းခြင်းခံထားရပေမယ့်လည်း သူ့ဖက်က ကစားချင်မှ သာ ဖြစ်မှာလို့ အီဂျစ်နည်းပြ ရှော်ကီဂါရစ်ဘ်က Reuters  သတင်းဌာနကိုပြောသွားပါတယ်။

“ဆာလာ ကစားမယ် မကစားဘူးဆိုတာ သူနဲ့ သူ့နည်းပြ၊သူ့အသင်းပဲ ဆုံးဖြတ်ပေးနိုင်မှာပါ။ကျွန်တော်တို့ဖက်က သူ့ကို လုံးဝ ဖိအားပေးလို့ မရပါဘူး။ကျွန်တော်ကတော့ အီဂျစ်အသင်းအတွက် အသင့်တော်ဆုံး တိုက်စစ်မှူး ဖြစ်လို့ထည့်သွင်းထားတာပါ။”လို့ ရှော်ကီဂါရစ်ဘ်က ပြောပါတယ်။

Image result for salah in olympic tournament

ဖီဖာရဲ့စည်းမျဥ်းအရ အိုလံပစ်ပြိုင်ပွဲအတွက် နိုင်ငံအသင်းတွေကို ကလပ်အသင်းတွေက မဖြစ်မနေ ကစားသမား ပြန်လည်စေလွှတ်‌ပေးစရာမလိုပဲ ရှိနေတာပါ။

ဇူလိုင် ၂၂ ကနေ ဩဂုတ် ၈ ရက်နေ့အထိ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အိမ်ရှင် ကျင်းပပြုလုပ်မယ့် ၂၀၂၀ အိုလံပစ် ပြိုင်ပွဲကို ဆာလာဝင်ပြိုင်လိုက်မယ်ဆိုရင် ဩဂုတ်လမှာ ပြန်လည်စတင်မယ့်၂၀၂၀-၂၁ ပရီးမီးယားလိဂ် ပြိုင်ပွဲ အစကို လီဗာပူးနဲ့ ကစားခွင့်လွဲချော်ရမှာပါ။

အီဂျစ်အသင်းမှာ ဆာလာ ပါဝင်လာမလားမလာဘူးလားဆိုတာကိုတော့ အပြီးသတ် စာရင်းထုတ်ပြန်မယ့် ဇွန်လမှ သာ သိနိုင်မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က