မပျောက်ကင်းနိုင်ဘူးလို့ သိရတဲ့ အာရုံကြော ဝေဒနာကို ခံစားနေတဲ့ ကစားဖော်အတွက်ပါ။

လီဗာပူး တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ လိဒ်ယူနိုက်တက်အသင်းဖက်ကို ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ပွဲအပြီး မှာတော့ လီဗာပူးက ၄-၃နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဆာလာအနေနဲ့ ဟက်ထရစ်မြောက်သွင်းဂိုးကို ပင်နယ်တီက တဆင့် ဂိုးသွင်းယူအပြီးမှာတော့ လက်နှစ်ဖက်ကို နား နှစ်ဖက်ပေါ်ပိတ်ပြီး ရှာကို ထုတ်ကာ အောင်ပွဲခံခဲ့ပါတယ်။



ဒါဟာ သမရိုးကျ အောင်ပွဲခံခဲ့တာ မဟုတ်ပဲ ဆာလာရဲ့ ရည်ရွယ်ချက်ကောင်းကို Daily Mail သတင်းဌာနက ဖော် ထုတ်ပြလာနိုင်ခဲ့ပါတယ်။

အကြောင်းကတော့ ဆာလာရဲ့ အီဂျစ်ကစားဖော်တစ်ဦးဖြစ်သူ ဇာကာရီရာဟာ မပျောက်ကင်းနိုင်တဲ့အာရုံကြော ဝေဒနာကို ခံစားနေရပြီး ဒီရောဂါဟာ ဦးနှောက်နဲ့ ကျောရိုးမကြီးကို အဓိက ဒုက္ခပေးလာနိုင်တယ်လို့ ဆေးပညာမှာ ဖော်ပြာထားတဲ့ ဝေဒနာကို ခံစားနေရတယ်လို့သိရပါတယ်။

အလားတူပဲ ဇာကာရီရာရဲ့ ကလပ်အသင်းဖော်တွေဟာလည်း ပြိုင်ဖက်ကို ၃-၀နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ တစ်သင်းလုံး သူတို့ အသင်းရဲ့ ကွင်းလယ်ကစားသမား ဇာကာရီရာရဲ့ အောင်ပွဲခံဟန်နဲ့အတူ သူတို့ရဲ့ အသင်းဖော် ကို ဂုဏ်ပြုတဲ့အနေနဲ့ အောင်ပွဲခံခဲ့ကြပါသေးတယ်။

အဆိုပါ ပုံရိပ်တွေကို တွေ့မြင်ခဲ့ရတဲ့ ဇာကာရီရာတစ်ယောက်ကတော့ - “ ကျွန်တာ် ကလပ်အသင်း တာဝန်ရှိသူ တွေနဲ့ ကစားသမားတွေအားလုံးကို ကျေးဇူးပါတယ်၊နှစ်နှစ်အတွင်းမှာ အချိုမြိန်ဆုံး နေ့တစ်နေ့ဖြစ်သလို ဘဝမှာ ပျော်ရွှင်စရာ အကောင်းဆုံး အခိုက်အတန့်လည်း ဖြစ်ခဲ့ပါတယ်။ကျွန်တော့်ကို အမြန်ဆုံး ပြန်ပျောက်ကင်းအောင် ဆုတောင်းပေးနေကြတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးပါတယ်။”လို့ တွစ်တာကတဆင့် ပြန်လည် ရေးသားဖော်ပြလာပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က