ဆာလာက ရာသီကုန်မှာထွက်ခွာဖွယ်ရှိနေပါတယ်။

ရာသီကုန်မှာ မိုဟာမက်ဆာလာ အသင်းပြောင်းရွှေ့ခဲ့မယ်ဆိုပါက အဆင်သင့်အစားထိုးဖို့အတွက် လီဗာပူးလ်အသင်းက ကြိုတင်ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။


လီဗာပူးလ်အသင်းဟာ အေဂျက်ဇ်တောင်ပံကစားသမားဒေးဗစ်နီရက်စ်ကို စောင့်ကြည့်မှုတွေပြုလုပ်နေပြီး လာမယ့်နွေရာသီမှာ ခေါ်ယူသွားဖို့အတွက် စီစဉ်နေတယ်လို့ Calciomercato သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ရာသီကုန်မှာ မိုဟာမက်ဆာလာ အသင်းပြောင်းရွှေ့ခဲ့မယ်ဆိုပါက အဆင်သင့်အစားထိုးဖို့အတွက် လီဗာပူးလ်အသင်းက ကြိုတင်ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

ဘရာဇီးလ်လက်ရွေးစင်ကစားသမားဖြစ်တဲ့ နီရက်စ်ဟာ ဆော်ပေါ်လိုလူငယ်အကယ်ဒမီက ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက အေဂျက်ဇ်အတွက် ပြည်တွင်းမှာရော၊ ဥရောပမှာပါ ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အေဂျက်ဇ်အတွက် ၂၇ဂိုးအထိ နီရက်စ်က တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ပြီး သွင်းဂိုး ၁၂ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၅ကြိမ်ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။




ဘရာဇီးလ်အသင်းနဲ့အတူ ကိုပါအမေရိကဖလားကိုလည်း နီရက်စ်က ရရှိခဲ့ပြီး ပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ နီရက်စ်ရဲ့ ခြေစွမ်းကို ဥရောပထိပ်တန်းအသင်းတချို့က သဘောကျနေပြီး ခေါ်ယူဖို့အတွက် စောင့်ကြည့်မှုတွေပြုလုပ်နေပြီဖြစ်ကာ လီဗာပူးလ်ကလည်း တစ်သင်းအပါအဝင်ဖြစ်လာခဲ့ပါတယ်။

မိုဟာမက်ဆာလာကို ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာတို့လို စပိန်ထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေပြီး ခေါ်ယူဖို့အတွက် ကြိုးစားနေတယ်လို့ ယူဆရပါတယ်။ ဒီအတွက်ကြောင့် လီဗာပူးလ်နည်းပြကလော့ပ်က ဆာလာနေရာမှာ တိုက်ရိုက်အစားထိုးဖို့ နီရက်စ်ကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး ဆာလာထွက်ခွာခဲ့ပါက လီဗာပူးလ်တိုက်စစ်ပိုင်းမှာ မာနေး၊ ဖာမီနို နဲ့ နီရက်စ်တို့အတွဲအဖက်ကို မြင်တွေ့ရမှာလားဆိုတာ စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။



က္က