ချဲလ်ဆီးအသင်းအတွက် ဒီနှစ်မှ လူခေါ်ခွင့်ပြန်ရတာပါ။
Kyaw Ko Ko Sint

“အဆင့်လေးနေရာအတွက် ကျွန်တော်ရောက်လာတာမဟုတ်သလိုအကယ်ဒမီကစားသမားတွေချည်း အသင်းကို ဆွဲခေါ် လာဖို့လည်း မဟုတ်ပါဘူး။အနိုင်ရလဒ်တွေအတွက်ပဲ လာခဲ့တာပါ။မနှစ်ကတော့ ကျွန်တော်တို့ သေချာ မလုပ်ဆောင်နိုင်ခဲ့ ပေမယ့် ဒီနှစ်မှာတော့ ကျွန်တော့်စိတ်ကြိုက်ကစားသမားတွေ ခေါ်ယူခွင့်ရခဲ့ပါပြီ။”လို့ ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ် က ဆိုလာပါတယ်။

လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းအတွက် အသင်းပိုင်ရှင် အေဗရာမိုဗစ်က ပေါင် သန်း ၂၀၀လောက် သုံးစွဲပြီး နည်းပြ စိတ်ကြိုက် ကစားသမားတွေ ခေါ်ယူခွင့်ပြုထားပြီး ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့မ နှစ်ကအထိ ကစာသးမားခေါ်ယူခွင့် ပိတ်ပင်ခံထားရတာကြောင့် ငွေကြေး သုံးစွဲမှု လုံးဝမရှိခဲ့ပဲ ဒီ နှစ်မှာမှ စတင်ခေါ်ယူခွင့်ရတာပါ။

ချဲလ်ဆီးအနေနဲ့ လူခေါ်ခွင့်ရတာနဲ့ ဂျာမနီလက်ရွေးစင် ကိုင်ဟာဗက်ဇ်ကို ပေါင် ၇၂သန်းနဲ့လည်းကောင်း၊တီမိုဝါနာကိုလည်း ပေါင်၄၈သန်းနဲ့ လည်းကောင်း၊အင်္ဂလန်လက်ရွေးစင် ဘန်ချီဝဲလ်ကို ပေါင် ၄၅သန်းနဲ့လည်းကောင်း၊ဟာကင်ဇီယက်ကို ပေါင် ၃၆သန်းနဲ့လည်းကောင်း၊အသီးသီးခေါ်ယူခဲ့တာပါ။

အလွတ်ခေါ်ယူမှုအဖြစ်လည်း ပီအက်စ်ဂျီနဲ့ စာချုပ်ပြည့်ခဲ့တဲ့ သီယာဂိုလ်ဆေးလ်ဗားနဲ့ နိုက်စ်က မာလန်းဆားတို့ကို ခေါ်ယူ ထားနိုင်ပါတယ်။

“ဖိအားတွေက ကျွန်တော့်ကို အဆင့်အတန်းရှိစွာ ကောင်းမွန်လာစေပါတယ်၊ထုတ်ပြန်ချက်တွေ မပေးချင်ပါဘူး၊မနှစ်က ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ ပျော်ပါတယ်၊အခုလည်း ကိုယ်လိုချင်တဲ့ အရာတွေ လုပ်ဆောင်နိုင်တဲ့အတွက် ကျေနပ်ပါ တယ်။”လို့ လမ်းပတ်က ဆက်လက်ဆိုပါတယ်။

ချဲလ်ဆီးအသင်းကတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် ဘရိုက်တန်အသင်းနဲ့ စတင်ကစားရမှာ ဖြစ်ပြီး ဒုတိယပွဲအဖြစ် လီဗာပူးအသင်းနဲ့ ဆက်လက်ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က