မနေ့ကတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းတဲ့ပုံတွေ တက်လာပါတယ်။

အပြောင်းအရွှေ့ကာလပြီးသွားရင် စပါးအသင်းမှာသာ အလီဆက်လက် တည်ရှိနေဖို့ မျှော်လင့်နေတယ်လို့ နည်းပြ မော်ရင်ဟိုက ထုတ်ဖော်ပြောလာခဲ့ပါတယ်။

ဒါပေမယ့်လည်း နည်းပြမော်ရင်ဟိုကတော့ ယခုနှစ်မှာ ၄၅မိနစ်သာ ကစားထားနိုင်သေးတဲ့ ၂၄နှစ်အရွယ် ကစား အနေနဲ့ တိုးတက်ဖို့ လိုသေးတယ်လို့လည်း ဆိုပါတယ်။

“သူပြန်လာရင် သူ့အတွက် အခွင့်အရေး ရှိပါတယ်။အဲ့ဒီအချိန်မှာ သူ့အတွက် အရည်အချင်းပြသရမယ့် အရေး ကြီးချိန်ပါပဲ။”လို့ မော်ရင်ဟိုကဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ အလီပြန်လာချိန်မှာ ဘေးလ်နဲ့ နေရာရဖို့ ပြိုင်ဆိုင်နေရမလားဆိုတဲ့ မေးခွန်းအပေါ်မှာလည်း - “ ပြိုင်ဆိုင်မှု ရှိလာပြီဆိုရင် အရည်အချင်းကို ထုတ်ပြန်ရတော့မယ်၊အလီမှာလည်း သူ့အခွင့်အရေးသူရှိပါ တယ်။ကျွန်တော်က ကစားသမားတွေအပေါ်မှာ ၉၉ရာခိုင်နှုန်းမှီတည်နေတယ်လို့ မြင်ပြီး ၁ရာခိုင်နှုန်းကတော့ ကျွန်တော်နဲ့နည်းပြအဖွဲ့ဝင်၊တာဝန်ရှိသူတွေအပေါ်မှာ မှီတည်နေပါတယ်။”လို့ မော်ရင်ဟိုက ဆိုပါတယ်။

ကွင်းလယ်လူ ဟယ်ရီဝင့်ခ်ကတော့ သူ့ရဲ့ ကစားဖော် အလီအနေနဲ့ ပထမဦးစားပေးအသင်းမှာ နေရာရရှိနိုင်မယ် လို့ ယုံကြည်နေပါတယ်။

“သူဘယ်လောက်ထိ ထိပ်တန်ကစားသမားဖြစ်နေသလဲဆိုတာ သင်မသိနိုင်ပါဘူး။ဒီလိုနေရာမျိုးကို စွမ်းဆောင် ရည်ကောင်းသာမက ကြိုးစားပြီးတော့မှရနိုင်တာပါ။ဘယ်အခြေအနေရှိနေလဲဆိုတာ မသိပေမယ့်သေချာတာက တော့သူက ထိပ်တန်းကစားသမားတစ်ဦးပါ။”လို့ ဝင့်ခ်ကဆိုပါတယ်။

အလီကတော့ ဘေးလ်ကို အသင်းက ပြန်ခေါ်လိုက်တာကြောင့် တောင်ပံ အသင်းမှာ ဆက်လက်မနေတော့ဘူးလို့ သတင်းတွေ ထွက်လာပြီး ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားခြင်းခံနေရတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က