ရာသီပြန်စရင် အိမ်ကွင်း ၄ ပွဲကစားဖို့ ကျန်ပါ‌သေးတယ်။

ဝန်ထမ်းတွေရဲ့ သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလို ပြန်လည် လုပ်ဆောင် ပေးခြင်းဖြစ်တယ်လို့ ကလပ်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။

ပွဲနေ့မှာမှ အလုပ်ရှိတဲ့သူတွေက အခုဆိုရင် ဘောလုံးပွဲတွေ မရှိတော့လို့ အလုပ်တွေ ရပ်နားထားရပြီး ဝင်ငွေတွေ ထိခိုက်နေကြပါတယ်။



ဒါပေမယ့်လည်း ယူနိုက်တက်အသင်းကတော့ သူတို့အသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ပွဲနေ့တိုင်း တာဝန်ထမ်း ဆောင်ကြတဲ့ ဝန်ထမ်းတွေကို ပွဲနေ့တွေမှာပေးတဲ့ လုပ်အားခတွေကိုဆက်လက်ပေးပြီး ထောက်ပံ့ပေးနေတယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ပွဲတွေကိုလည်း ဧပြီလ ၃၀ ရက်နေ့အထိ ရပ်နားထားဖို့ ဆုံးဖြတ်ထားပါတယ်။

လက်ကျန်ရာသီကို ပြန်ကျင်းပမယ်ဆိုရင် အိုးထရက်ဖို့ဒ်မှာ ၄ပွဲကစားဖို့ ရှိနေသေးပြီး ဝန်ထမ်း ၃၀၀၀ ကျော်အတွက် ပေါင် ၁သန်း ပေးချေဖို့ဖို့ရှိခဲ့တာပါ။

ကလပ်အသင်း ဝန်ထမ်းတွေအနေနဲ့ ပွဲရွှေ့လိုက်တဲ့ ပွဲတွေအတွက် လုပ်အားခတွေကို ပြန်ပေးချေမယ့်ရက်တွေ သတ်မှတ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

“ကလပ်အသင်းအပေါ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတွေအတွက် အသင်းဖက်က ပြန်လည်တုံ့ပြန် တဲ့ မေတ္တာဖြစ်ပါတယ်။”လို့ ကလပ်အသင်းက သတင်းထုတ်ပြန်ပေးပါတယ်။

အသင်းရဲ့ အမှုဆောင်ဒုဥက္ကဌ အဒ်ဝက်ဝုဒ်ကလည်း အသင်းအနေနဲ့ ပရိသတ်တွေကို ထူးကဲ့တဲ့ ဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်ဖို့ ထူးချွန်တဲ့ဝန်ထမ်းတွေအပေါ် မှီခိုနေရတာပါလို့ ထုတ်ဖော်ပြောခဲ့ပါသေးတယ်။

ယူနိုက်တက်အသင်းကတော့ မတ်လ ၈ ရက်နေ့တုန်းက မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲက နောက်ဆုံး စားခဲ့တဲ့ အိမ်ကွင်းပွဲလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က