ဆောက်သမ်တန်နဲ့ပွဲက ခြေစွမ်းအပေါ် ဝေဖန်ခဲ့တာပါ။

ပေါ့ဂ်ဘာအနေနဲ့ ကွင်းလယ်မှာ ပေါ့ပေါ့ဆဆ ကစားနေခဲ့တယ်လို့ ဆိုးလ်ရှားကဆိုခဲ့ပြီး ပြင်သစ်ကွင်းလယ်ကစားသမားဟာ ဘောလုံးပေးပို့မှုတွေ မှားယွင်းခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

ဆောက်သမ်တန်နဲ့ အဝေးကွင်းပွဲမှာ သရေရလဒ်သာ ရရှိခဲ့ပြီးနောက် နည်းပြဆိုးလ်ရှားက ကွင်းလယ်လူပေါ့ဂ်ဘာရဲ့ ခြေစွမ်းအပေါ် ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ ကွင်းလယ်မှာ ပေါ့ပေါ့ဆဆကစားနေခဲ့တယ်လို့ ဆိုးလ်ရှားက ဆိုခဲ့ပြီး ပြင်သစ်ကွင်းလယ်ကစားသမားဟာ ဘောလုံးပေးပို့မှုတွေ မှားယွင်းခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

ပေါ့ဂ်ဘာရဲ့ ခြေစွမ်းအပေါ် အမြဲတမ်းလိုလိုကာကွယ်ပေးနေခဲ့တဲ့ ဆိုးလ်ရှားက ဒီတစ်ကြိမ်မှာတော့ သူ့ကစားသမားရဲ့ ခြေစွမ်းအပေါ် စိတ်တိုင်းမကျဖြစ်နေခဲ့တာဖြစ်ပါတယ်။ အသင်းအတွက် ထိရောက်တဲ့ ပေးပို့မှုတွေကို ပေါ့ဂ်ဘာ မပြုလုပ်ပေးနိုင်ခဲ့သလို ကွင်းလယ်မှာ ဘောလုံးကိုင်ကစားချိန်မှာလည်း မကြာခဏဆိုသလို ဘောလုံးပျက်သွားမှုတွေ ရှိနေခဲ့ပါတယ်။

"ကျွန်တော်တို့ ဘောလုံးကို ဖြစ်ကတတ်ဆန်းကစားခဲ့ကြပြီး အဲဒီထဲမှာ ပေါ့ဂ်ဘာလည်း ပါဝင်ခဲ့ပါတယ်၊ တခြားကစားသမားတွေနဲ့ ကွဲပြားတဲ့ကစားဟန်ကို သူ မပြသနိုင်ခဲ့ပါဘူး၊ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူးဆိုပေမယ့်လည်း နောက်ဆုံးမိနစ် ၂၀ အတွင်းမှာတော့ သူ အခွင့်အရေးတွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်"

"လူတိုင်းက သူ့ဆီကနေ ပွဲတိုင်းမှာ အရာအားလုံးကို မျှော်လင့်နေတာပါ၊ ခံစစ်၊ တိုက်စစ်၊ နိုင်ပွဲရဖို့ ဦးဆောင်ပေးသူ၊ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြနိုင်ဖို့၊ သူ ပေးပို့မှုတွေပြုလုပ်ဖို့တွေကို လူတွေက မျှော်လင့်နေတာပါ၊ အဲဒါက ပေါ့ဂ်ဘာပါပဲ၊ သူက အဲဒီအရာတွေအပေါ်မှာ ရှင်သန်ရပ်တည်နေရတာပါ" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့တယ်လို့ Mirror က ဖော်ပြသွားခဲ့ပါတယ်။

ယူနိုက်တက်ကတော့ လေးပွဲကစားအပြီးမှာ ငါးမှတ်သာရရှိထားပြီး ရလဒ်တွေကျဆင်းလာနေပြီဖြစ်ပါတယ်။ အဖွင့်ပွဲမှာ ချယ်လ်ဆီးကို ဂိုးပြတ်အနိုင်ရရှိခဲ့ပေမယ့် နောက်ဆုံး ၃ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ကာ ၃ပွဲဆက်တိုက်လည်း ပေးဂိုးတွေခွင့်ပြုခဲ့ရပြီး ပေါင်သန်း ၁၃၀ကျော်အကုန်အကျခံကာ တည်ဆောက်ထားတဲ့ ခံစစ်ပိုင်းကိုလည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။



က္က