ကိုဗစ်တွေ့ထားသူတွေက ဘယ်သူတွေလဲဆိုတာတော့ မပြောသွားပါဘူး။
Kyaw Ko Ko Sint

အဲဗာတန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အကြောင်းပြချက်ပေးလာခဲ့တာ ဖြစ်ပြီး အသင်းရဲ့ကစားပုံ၊ပွဲတာဝန်ရှိသူ အချို့အပေါ်မှာ ဝေဖန်မှုတွေ လုပ်ခဲ့ပါတယ်။

နွေရာသီကာလမှာ အသင်းမှာရှိတဲ့ ကစားသမားအတော်များများ ကိုဗစ်ပိုးတွေ့ရှိထားကြတယ်လို့ အသင်းမန်နေ ဂျာ မော်ရင်ဟိုက အဲဗာတန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတယ်လို့ သိရပါတယ်။

ဒေါမနက်ကလိုက်ဗက်လီဝင်ရဲ့ တစ်လုံးတည်းသော ခေါင်းတိုက်သွင်းဂိုးနဲ့ စပါးအသင်းဟာ အိမ်ကွင်းသစ်ကြီးမှာ ပွဲဦးထွက် မျက်နှာပန်းမလှပဲ ရှုံးနိမ့်ခဲ့ရတာပါ။

အဆိုပါ ပွဲမှာ ကစားသွားတဲ့ ကစားသမားတွေကိုလည်း မော်ရင်ဟို ကိုယ်တိုင်က ပြစ်တင်ဝေဖန်ခဲ့ပြီး ပျင်းရိတဲ့ ကစားဟန်နဲ့ ကစားနေကြတယ်လို့ ဝေဖန်ခဲ့တာပါ။

ဒါ့အပြင် ပွဲကို တာဝန်ယူခဲ့တဲ့ တာဝန်ရှိသူတွေကိုလည်း ဝေဖန်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ အမေဇုန် ဇာတ်လမ်းသွား ရုပ်ရှင်မှာ မပါဝင်တော့တဲ့အတွက်လည်း ပျော်ရွှင်ရတယ်လို့ မော်ရင်ဟိုက ဆိုလာပါတယ်။

အသင်းမှာ ကစားသမားအရေအတွက်တစ်ခုအထိ ကိုဗစ်ပိုးတွေ့ရှိထားပေမယ့် မည်သူမည်ဝါဆိုတာကိုတော့ မော်ရင်ဟိုက ထုတ်ဖော်ပြောခဲ့ခြင်းမရှိပဲ ဒီဖြစ်စဥ်ကြောင့် ရာသီကြို လေ့ကျင့်ပြင်ဆင်မှုတွေကို ထိခိုက်မှု ဖြစ်စေခဲ့ တယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။

“ကိန်းဆို တစ်ကြိမ်ပဲ ပူးပေါင်းထားနိုင်ပါသေးတယ်၊ဆစ်ဆိုခိုဆိုလည်း နှစ်ကြိမ်ပဲ ရှိသေးတယ်၊ကျွန်တော်တစ်ဦး ချင်းစီ မလေ့ကျင့်နိုင်ပါဘူး၊ရာသီကြိုမှာ မတူညီတဲ့ ဆင်ခြေမျိုးစုံနဲ့ ဘယ်လိုမှ အဆင်သင့်မဖြစ်ခဲ့ကြပါဘူး။ပြီးတော့ ကိုဗစ်ထိတဲ့သူတွေရှိသေးတယ်၊ဘယ်သူတွေလဲတော့ မပြောတော့ပါဘူး။ရှိတဲ့သူကရှိတဲ့ ကျန်တဲ့သူက သီးသန့် ဆောင်ထဲမှာ၊အကြောင်းက နိုင်ငံအတွက် ကစားပေးအပြီး ပြန်ဝင်လာတဲ့သူတွေကို ဒီက အစိုးရရဲ့ ဥပဒေအတိုင်း ကွာရန်တင်းဝင်ခိုင်းတဲ့အတွက် ရာသီကြို ပြင်ဆင်မှုတွေမှာ အရမ်းခက်ခဲ့ပါတယ်။”လို့ မော်ရင်ဟိုက ခြုံငုံသုံးသပ်ပြီး ပြောသွားခဲ့တဲ့အကြောင်း BBC SPORTက ဖော်ပြလာပါတယ်။

အခုလိုမျိုး ၂၀၂၀-၂၁ ဘောလုံးရာသီအစ အဖွင့်ပွဲကို ရှုံးနိမ့်လိုက်တာဟာ နည်းပြ မော်ရင်ဟိုရဲ့ နည်းပြဘဝ သမိုင်း တစ်လျှောက် ပထမဆုံး ရာသီအဖွင့်ပွဲကို ရှုံးနိမ့်ခဲ့တာလို့လည်းသိရပါတယ်။

စပါးအသင်းကတော့ ဒုတိယပွဲစဥ်အဖြစ် လာမယ့် စက်တင်ဘာ ၂၀ရက်နေ့မှာ ဆောက်သမ်တန်အသင်းနဲ့ အဝေးကွင်း ဆက်လက်ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က