ဒီရာသီမှာမှ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တာပါ။
Pyae Phyo Thein

တောရက်စ်ကတော့ မန်စီးတီးမှာ အသင်းဂန္ထဝင်ကစားသမား ဒေးဗစ်ဆေးလ်ဗားရဲ့ ကျောနံပါတ် ၂၁ကို ဝတ်ဆင်ကစားသွားမှာဖြစ်ပြီး စပိန်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရသူဖြစ်ပါတယ်။ 


မန်စီးတီးကစားသမားသစ်ဖာရန်တောရက်စ်ကတော့ အမှတ်ပေးဖလားကို ရယူဖို့အတွက် သူတို့အသင်းအသင့်ဖြစ်နေပြီလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်အသင်းရရှိထားတဲ့ ဆုဖလားကို ပြန်လည်ရယူဖို့ အားထုတ်သွားမယ်လို့ စပိန်တောင်ပံကစားသမားက ပြောဆိုခဲ့ပြီး အသင်းတစ်သင်းလုံးက ပွဲကစားဖို့မစောင့်ဆိုင်းနိုင်တော့ဘူးလို့လည်း သူက ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအနေနဲ့ လီဗာပူးလ်ရဲ့နောက် ၁၈ မှတ်အကွာ ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပါတယ်။ ဒီအတွက်ကြောင့် ပြန်လည်စတင်နေပြီဖြစ်တဲ့ ရာသီသစ်မှာ ဆုဖလားပြန်လည်ဆွတ်ခူးနိုင်ဖို့ မန်စီးတီးတစ်သင်းလုံးပစ်မှတ်ထားနေပြီး ကစားသမားသစ်တောရက်စ်ကိုယ်တိုင်ကလည်း ဆုဖလားအတွက် ကြိုးစားသွားမယ်လို့ လီဗာပူးလ်ကို ရည်ရွယ်သတိပေးခဲ့ပါတယ်။ 


"လီဗာပူးလ်က တကယ်တောင့်တင်းတဲ့အသင်းပါ၊ ဒါကို ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ သူတို့ပြသခဲ့ပြီးပါပြီ၊ တချိန်တည်းမှာပဲ ကျွန်တော်တို့က ပရီးမီးယားလိဂ်ဖလားကို ပြန်ရယူနိုင်ဖို့ လုံလောက်တဲ့လူစာရင်းရှိနေပြီလို့ ထင်ပါတယ်၊ ဒီအသင်းက ပွဲတိုင်းကို အနိုင်ယူကစားဖို့ အသင့်ဖြစ်နေပြီး ဘောလုံးပွဲတွေ ပြန်ကစားဖို့ မစောင့်ဆိုင်းနိုင်တော့အောင်ပါပဲ"


"ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို ရင်ဆိုင်နိုင်တဲ့ လူစာရင်းမျိုး ကျွန်တော်တို့ပိုင်ဆိုင်ထားပြီး ချန်ပီယံလိဂ်မှာလည်း ခမ်းနားထည်ဝါမှုတွေကို ပြသနိုင်မှာပါ" လို့ တောရက်စ်က ပြောဆိုခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ တောရက်စ်ကတော့ မန်စီးတီးမှာ အသင်းဂန္ထဝင်ကစားသမား ဒေးဗစ်ဆေးလ်ဗားရဲ့ ကျောနံပါတ် ၂၁ကို ဝတ်ဆင်ကစားသွားမှာဖြစ်ပြီး စပိန်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရသူဖြစ်ပါတယ်။ 


Author


က္က