ဝုလ်ကိုအရေးနိမ့်အပြီးမှာ ပြောဆိုခဲ့တာပါ။
Pyae Phyo Thein

မန်စီးတီးအသင်းဂိုးသမားအီဒါဆန်ဟာ ပွဲချိန် ၁၂ မိနစ်မှာကတည်းက ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး မန်စီးတီးက တစ်ယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။


ဒီနေ့မနက်ပို်င်းက ကစားခဲ့တဲ့ ဝုလ်ဗ်နဲ့ မန်စီးတီးတို့ရဲ့ပွဲမှာ မန်စီးတီးအသင်းအရေးနိမ့်ခဲ့ပြီးနောက် နည်းပြဂွာဒီယိုလာက ပရီးမီးယားလိဂ်ဆုဖလားအတွက်တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီလို့ ပြောဆိုသွားခဲ့ပါတယ်။ BBC ရဲ့ ဖော်ပြချက်အရ ဂွာဒီယိုလာဟာ ပြိုင်ဘက်လီဗာပူးလ်အတွက် ကြီးမားတဲ့အသာစီးရရှိခဲ့မှုကို ဝန်ခံခဲ့ပြီးတော့ လက်လျှော့စကားဆိုခဲ့တာလို့လည်း သိရပါတယ်။

ဒီပွဲကတော့ တော်တော်လေးအကြိတ်အနယ်ရှိခဲ့ပြီး မန်စီးတီးအတွက်ခက်ခဲခဲ့ပါတယ်။ မန်စီးတီးအသင်းဂိုးသမားအီဒါဆန်ဟာ ပွဲချိန် ၁၂ မိနစ်မှာကတည်းက ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး မန်စီးတီးက တစ်ယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း စတာလင်က အသင်းအတွက် နှစ်ဂိုးအထိ သွင်းယူကာ ဦးဆောင်စေခဲ့ပြီးတော့ အဝေးကွင်းမှာ နိုင်ပွဲရဖို့အခြေအနေကောင်းခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒုတိယပို်င်းမှာ ဝုလ်ဗ်က ထရာအိုယေး၊ ဂျီမီနက်ဇ်နဲ့ ဒိုဟာတီရဲ့အနိုင်ဂိုးကြောင့် မန်စီးတီးကို အနိုင်ယူခဲ့ပြီး ဒီရာသီမှာ နှစ်ကျော့စလုံးအနိုင်ကစားသွားခဲ့ပါတယ်။ ပွဲအပြီးအင်တာဗျူးမှာတော့ အမှတ်ပေးဖလားတိုက်ပွဲက ပြီးဆုံးခဲ့ပြီလားဆိုတဲ့ မေးခွန်းကို ဂွာဒီယိုလာက ပြီးဆုံးသွားခဲ့ပြီလို့ ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။ 

"ကြီးမားတဲ့အသာစီးရရှိမှုပါ၊ ပြီးဆုံးသွားပါပြီ၊ အခုချိန်မှာ ကျွန်တော်တို့ လီဗာပူးလ်အကြောင်းစဉ်းစားတာက လက်တွေ့မကျပါဘူး၊ လက်စတာအကြောင်းပဲ စဉ်းစားရတော့မှာပါ၊ ဒုတိယနေရာအတွက် ကျွန်တော်တို့မှာ အခွင့်အရေးတွေ ရှိနေပါသေးတယ်၊ ကျွန်တော့်အသင်းအရည်အသွေးကို သိပေမယ့်လည်း လက်ရှိအနေအထားက ဘာလဲဆိုတာပါပဲ၊ အမှတ်ပေးဖလားရဖို့က ခက်ခဲပါတယ်၊ မဖြစ်နိုင်တော့ဘူးလို့ ကျွန်တော်မပြောချင်ပေမယ့်လည်း အရမ်းခက်ခဲသွားခဲ့ပါပြီ" လို့ ဂွာဒီယိုလာက ဖွင့်ဟခဲ့ပါတယ်။

လက်ရှိမှာ လီဗာပူးလ်နဲ့ မန်စီးတီးတို့ကြား ရမှတ်ကွာဟချက်က ၁၄ မှတ်အထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးလ်က ပွဲကျန်တစ်ပွဲကစားရဦးမှာဖြစ်ပြီး အဆိုပါပွဲကိုလည်း အနိုင်ရမယ်ဆိုရင် မန်စီးတီးကို ၁၇ မှတ်အထိ ဖြတ်တောက်နိုင်တော့မှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း ဂွာဒီယိုလာက ဒုတိယနေရာအတွက်ကိုသာ ဦးစားပေးစဉ်းစားဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 


က္က