မနေ့ကပွဲမှာ စကားအနည်းငယ်များခဲ့ပြီးနောက် ပြောခဲ့တာပါ။
Pyae Phyo Thein

အန်ဖီးလ်မှာ ၅-၃ နဲ့ အရေးနိ်မ်ခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြလမ်းပတ်က လီဗာပူးလ်အသင်းကို အရမ်းစိတ်ကြီးမဝင်နေနဲ့လို့ သတိပေးပြောဆိုလိုက်ပါတယ်။ ကွင်းဘေးစည်းမှာဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ရည်ရွယ်ကာလမ်းပတ်က ပြောဆိုခဲ့တာဖြစ်ပြီး ပွဲချိန်အတွင်းမှာလည်း လမ်းပတ်ဟာ ကတောက်ကဆဖြစ်မှုအနည်းငယ်ရှိနေခဲ့ပါတယ်။ 

ကိုဗာဆစ်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကြောင့် အလွတ်တည်ကန်ဘောခွင့်ပြုခဲ့ရတာနဲ့ပတ်သက်ပြီး လမ်းပတ်က ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါပြစ်ဒဏ်ဘောကို အာနိုးလ်က တိုက်ရိုက်ကန်သွင်းယူပြီး လီဗာပူးလ်ကို ၂-၀ ဖြစ်စေခဲ့ကာ ပွဲကိုလွှမ်းမိုးထိန်းချုပ်နိုင်ခဲ့ပြီး နိုင်ပွဲရဖို့ ဦးတည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

"ကျွန်တော့်အတွက်တော့ ကိုဗာဆစ်က ပြစ်ဒဏ်ကျူးလွန်ခဲ့တာမဟုတ်ပါဘူး၊ အရန်ခုံတန်းလျားမှာ ဖြစ်ပျက်ခဲ့တာတွေက အများကြီးပါ၊ ကျွန်တော်နဲ့ ကလော့ပ်ကြားမှာ ဘယ်လိုပြသနာမှမရှိပါဘူး၊ သူက သူ့အသင်းကို ကောင်းကောင်းစီမံနေခဲ့ပြီး တကယ်ကောင်းမွန်ခဲ့ပါတယ်၊ အရန်ခုံတန်းပေါ်က တချို့ကတော့ အဲဒီလိုမဟုတ်ခဲ့ပါဘူး"

"လီဗာပူးလ်က အမှတ်ပေးဖလားရရှိခဲ့ပြီး ကောင်းမွန်စွာ ကစားခဲ့ကြပါတယ်၊ ဒါပေမယ့်လည်း အဲဒီအတွက် အရမ်းစိတ်ကြီးမဝင်သင့်ဘူး" လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။ လမ်းပတ် နဲ့ ကလော့ပ်တို့ဟာ နည်းစနစ်ဧရိယာအတွင်းကနေ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်စကားများနေမှုဖြစ်ခဲ့ပြီးတော့ ပွဲအပြီးမှာ လမ်းပတ်က အထက်ပါအတိုင်းပြောဆိုခဲ့တာပါ။

"ပွဲတစ်ပွဲမှာ ဒီလိုစိတ်လှုပ်ရှားစရာအခြေအနေကတော့ ရှိတတ်ပါတယ်၊ အခုလည်း အဲဒီလိုပဲဖြစ်ခဲ့တာပါ" လို့ လမ်းပတ်က Sky Sports က တဆင့် ပြောဆိုခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ဒီရာသီမှာ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလား၊ ပရီးမီးယားလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး အောင်မြင်တဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ခဲ့ပါတယ်။ 


Author


က္က