ဒီနှစ်မှာ ၁၉၈၉-၉၀ ဘောလုံးရာသီက နောက်ဆုံးရရှိခဲ့တဲ့ အမှတ်ပေးချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့အတွက် မျှော်လင့်နေကြပါတယ်။
Ye Yint Htay

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က ဝေဖန်နေတဲ့သူတွေကို သူက ကမ္ဘာပေါ်မှာအရမ်းတော်တဲ့သူတစ်ယောက်မဟုတ်ပေမယ့် ငတုံးတစ်ယောက်တော့လည်း မဟုတ်ဘူးလို့ တုံ့ပြန်ပြောကြားလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ စနေညက အာဆင်နယ်ကို ၅-၁ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီးနောက်မှာ ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်သလို တနင်္ဂနွေညမှာ မန်စီးတီးအသင်းမကစားရသေးခင်ကာလအထိ မန်စီးတီးအသင်းကို ဆယ်မှတ်အထိဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးလ်ဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၂၁)မှာ မန်စီးတီးအသင်းနဲ့ကစားရမှာဖြစ်ပြီး မန်စီးတီးအသင်းသာ တနင်္ဂနွေညမှာ ဆောက်သမ်တန်၊ လာမယ့်အပတ်မှာ လီဗာပူးလ်အသင်းတွေကို ဆက်တိုက်အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် လေးမှတ်သာကွာဟတော့မှာပါ။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ယာဂင်ကလော့ပ်ကို အာဆင်နယ်နဲ့ပွဲအပြီးမှာ မီဒီယာတွေက မေးမြန်းခဲ့ရာမှာတော့ အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။



“ကျွန်တော်က ကမ္ဘာပေါ်မှာအတော်ဆုံးလူသားတစ်ယောက်မဟုတ်ပေမယ့် ငတုံးတစ်ယောက်တော့လည်း မဟုတ်ပါဘူး။ ဒီဇင်ဘာမှာ ဘယ်နှစ်မှတ်လောက်ရရမယ်လို့ လူတွေခန့်မှန်းထားကအရေးမကြီးပါဘူး။ တကယ်လို့ ကျွန်တော်တို့သာ သုံးမှတ်ဆုံးရှုံးသွားကြည့်… လူတွေက ကျွန်တော်တို့ကို ပထမဆုံးပြောမှာက ငကြောက်တွေဆိုပြီးတော့ပါ။ ဒါက အရမ်းကို လွယ်တဲ့အလုပ်ပါ။ ကျွန်တော်တို့ပွဲကို ကောင်းကောင်းမကစားဖူးဆိုရင်တောင် ပိုက်ဆံတွေကတော့ ဝင်နေဦးမှာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ဒီလိုအလုပ်မျိုးကို ဘယ်တော့မှာမလုပ်ဘူး.. တကယ့်ကို ဘယ်တော့မှာ မလုပ်ပါဘူး”လို့ ယာဂင်ကလော့ပ်က ပြောခဲ့ပါတယ်။


လီဗာပူးလ်အသင်းရဲ့လက်ရှိရပ်တည်မှုအနေအထားအရ လီဗာပူးလ်ပရိသတ်တွေဟာ ဒီနှစ်မှာ ၁၉၈၉-၉၀ ဘောလုံးရာသီက နောက်ဆုံးရရှိခဲ့တဲ့ အမှတ်ပေးချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့အတွက် မျှော်လင့်နေကြပါတယ်။ ကလော့ပ်က ပရိသတ်တွေရဲ့မျှော်လင့်ချက်ကို နားလည်ပြီး ဒါက အသင်းကိုတွန်းအားဖြစ်စေလို့ ကြိုက်ပါတယ်လို့လည်း ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၀) အပြီးမှာ ၁၇ပွဲနိုင်၊ ၃ပွဲသရေကျထားပြီး ရှုံးပွဲလုံးဝမရှိသေးသလို ရမှတ် ၅၄မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က