မန်စီးတီးနဲ့ပွဲစဉ်က ပီတာချက်ရဲ့စွမ်းဆောင်ရည်ကို အံ့အားသင့်မိတယ်လို့ ပြောခဲ့ပါတယ်။
Kyaw Ko Ko Sint

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ဂိုးသမားကြီး ယန်းလေမန်းက မန်ချက်စတာစီးတီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က ပီတာချက်ရဲ့ လက်စွမ်းကို အံ့အားသင့်မိကြောင်း ဝန်ခံခဲ့ပြီး နည်းပြအမ်မရီရဲ့ညွှန်ကြားချက်တွေကို လစ်လျူရှုထားဖို့ ပီတာချက်ကို တောင်းဆိုခဲ့ပါတယ်။



gettyimages-101580682211.jpg

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝါရင့်ဂိုးသမားကြီး ပီတာချက်ဟာ အာဆင်နယ်အသင်းက ယခုနွေရာသီမှာ အသစ်ခေါ်ယူထားတဲ့ ဂိုးသမား ဘာ့ဒ်လီနိုအစား မန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားရရှိခဲ့သူဖြစ်ပြီး နည်းပြသစ် အမ်မရီရဲ့ နည်းဗျူဟာနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကစားနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။

ကြယ်ပွင့်တွေ တစ်ပွင့်ပြီးတစ်ပွင့် ကြွေလွင့်နေတဲ့ စပိန်လက်ရွေးစင်အသင်း 

မန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ်မှာ ဂိုးကာကွယ်မှုတွေ အများအပြားပြုလုပ်နိုင်ခဲ့ပေမယ့် နောက်ခံကစားသမားတွေကြောင့် မကြာခဏ အခက်တွေ့ခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အရှက်ရဖွယ် ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိလုနီးပါးအထိ ဖြစ်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး ပုံမှန်လက်စွမ်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

 

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ဂိုးသမားဟောင်းကြီး ယန်းလေမန်းကို ပီတာချက်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ လေမန်းက ပီတာချက်ဟာ အံ့အားသင့်စရာကစားသမားတစ်ဦးဖြစ်နေဆဲဖြစ်ကြောင်းနဲ့ ၎င်းရဲ့ပုံစံကို ပြောင်းလဲခဲ့ရတာ ထင်ရှားစွာမြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

"သူက အံ့အားသင့်ဖွယ် ဂိုးသမားတစ်ဦး ဖြစ်နေဆဲပါပဲ။ သူ့အနေနဲ့ သူ့ရဲ့ပုံစံကို ပြောင်းလဲထားရတယ်ဆိုတာ သိသိသာသာမြင်နေရပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ ပွဲစဉ်က ခင်ဗျားကို ဘာလုပ်ရမလဲနဲ့ ဘာလုပ်လို့မရဘူးလဲဆိုတာ ပြောပြနိုင်ပါတယ်"

"သူ ရှေ့တက်ပြီး ကစားဖို့ ကြိုးစားတိုင်း ကျွန်တော် နည်းနည်းတော့ အံ့အားသင့်ခဲ့မိပါတယ်။ အဲဒါက မဖြစ်နိုင်တဲ့အရာလေ"

"သူက အရမ်းကို ဉာဏ်ကောင်းပါတယ်။ အဲဒီတော့ သူ ဘယ်အချိန်မှာ ရှေ့တက်ရမယ်၊ မတက်ရဘူးဆိုတာ သိပါတယ်"

"ပီတာချက်ဟာ ပွဲပေါင်းရာကျော်ကစားခဲ့ဖူးတဲ့သူပါ။ အရင်ကတည်းက ဘောလုံးကစားလာခဲ့တာ အချိန်တွေ တော်တော်ကြာခဲ့ပါပြီ။ တစ်ခါတရံမှာ သူ အခုရာသီမှာ ဖိအားတွေဝင်နေတယ်လို့ ကျွန်တော် တွေးမိပါတယ်။ ပွဲစဉ်က ခင်ဗျားကို ဘာလုပ်ရမလဲဆိုတာ ညွှန်ပြပေးနိုင်ပါတယ်။ ခင်ဗျား ဘယ်လိုပုံစံနဲ့ မကစားရဘူးဆိုတာတော့ မညွှန်ပြပေးနိုင်ပါဘူး"

 

ယန်းလေမန်းဟာ ပီတာချက်အနေနဲ့ အခြေအနေကိုလိုက်ပြီး သဘာဝအတိုင်းပဲ တုံ့ပြန်ရမယ်လို့ ယုံကြည်နေပြီး အမြဲတမ်း အမ်မရီညွှန်ကြားတဲ့အတိုင်း လုပ်စရာမလိုဘူးလို့ ပြောခဲ့ပါတယ်။

"အသက် ၃၆ နှစ်ရောက်နေတာတောင်မှ ခင်ဗျားအနေနဲ့ လေ့ကျင့်နိုင်တယ်၊ တိုးတက်နိုင်သေးတယ်။ ဒါပေမယ့် အဲဒါက ခင်ဗျားလုပ်ရမယ့် ပေးပို့မှု ပမာဏပဲ"

"တစ်ခါတရံမှာ နည်းပြက လုပ်ခိုင်းတဲ့ဟာကို မလုပ်တာက ပိုကောင်းနေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ ပွဲရဲ့အကြောင်းကို ကျန်တဲ့လူအားလုံးထက် ခင်ဗျားက ပိုနားလည်နေနိုင်တယ်လေ"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က