မန်စီးတီးအသင်းက လီဗာပူးရဲ့နောက်မှာ ၇ မှတ်ကွာဟပြီး ရပ်တည်နေတာပါ။
Kg Htet

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံမန်ချက်စတာစီးတီးအသင်းဟာ လီဗာပူးအသင်းနဲ့ ၇ မှတ်ကွာဟပြီး ဒုတိယနေရာမှာ ရပ်တည်နေတာဟာ လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်အတွက် အံ့အားသင့်စရာဖြစ်ခဲ့ပုံရပါတယ်။

လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်က ၎င်းရဲ့လီဗာပူးအသင်းဟာ လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးအသင်းကို ၇ မှတ်အထိဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နေတာဟာ အံ့အားသင့်စရာကောင်းကြောင်း လက်ခံခဲ့ပါတယ်။



မန်ချက်စတာစီးတီးအသင်းဟာ ခရစ်စမတ်ပွဲကြပ်ကာလမှာ ခရစ်စတယ်ပဲလေ့စ်နဲ့ လက်စတာစီးတီးအသင်းတို့ကို အံ့အားသင့်ဖွယ် ၂ ပွဲဆက်ရှုံးနိမ့်ခဲ့တာကြောင့် လီဗာပူးအသင်းရဲ့နောက် အဆင့် ၃ နေရာအထိ ကျဆင်းခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်နောက်ဆုံး ၉ ပွဲဆက်တိုက်အနိုင်ရရှိထားတဲ့ လီဗာပူးအသင်းဟာ ပွဲ ၂၀ ဆက်တိုက်ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်ပြီး အမှတ်ကွာဟမှုကျဉ်းမြောင်းအောင် ကြိုးပမ်းမယ့် မန်ချက်စတာစီးတီးအသင်းရဲ့အိမ်ကွင်း အီတီဟတ်မှာ ယနေ့ည သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ငွေကြေးမြောက်မြားစွာသုံးစွဲပြီး ခံစစ်အတွက် အယ်လီဆင်၊ ဗန်ဒိုက်တို့ကို ခေါ်ယူအားဖြည့်ခဲ့ပေမယ့် လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်လောက်တဲ့အထိ ဖြစ်လာနိုင်မယ်လို့ မမျှော်လင့်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။


“ကျွန်တော်တို့ရှိနေတဲ့အခြေအနေဟာ အံ့အားသင့်စရာပါပဲ။ အားလုံးကပြောကြတယ်။ ‘ဟုတ်တယ်။ သူတို့အရမ်းကောင်းတယ်’ဆိုပြီး၊ ဒါပေမယ့် ဘယ်သူကမှ မန်စီးတီးနဲ့မတွေ့ခင်အချိန်မှာ ကျွန်တော်တို့ ၇ မှတ်အကွာမှာ ရှိနေတယ်ဆိုတာ မတွေးမိကြပါဘူး”

“ဒီဇင်ဘာလ အစလောက်မှာ ကျွန်တော်တို့အသင်းက မန်စီးတီးထက် ၁ မှတ်နည်းနေပြီး အခု ၇ မှတ်ဖြတ်ထားနိုင်တာဟာ မဖြစ်နိုင်တဲ့ကိစ္စပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကစားတဲ့ပွဲနဲ့ သူတို့ကစားတဲ့ပွဲတွေကြောင့်ပါ။ ဒါပေမယ့် အဲဒါက တကယ်ဖြစ်ပျက်ခဲ့ပါတယ်။ အဲဒါက သူတို့ကို ပိုဆိုးသွားအောင်မလုပ်နိုင်သလို ကျွန်တော်တို့ကိုလည်း ပိုကောင်းလာအောင် မလုပ်နိုင်ပါဘူး။ ဒါက အခုလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတစ်ခုပါ။ အခု ကျွန်တော်တို့ ပွဲစဉ်တစ်ခုကို ကစားရတော့မယ်”

“ပရိသတ်တွေက လွန်ခဲ့တဲ့ ၄၊ ၅ ၊ ၁၀ နှစ်လောက်က ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို နားထောင်နေကြတယ်။ ကျွန်တော့်အတွက်ကတော့ အဲဒါက ကျွန်တော့်ရဲ့ကိစ္စမဟုတ်တဲ့အတွက် အရေးမကြီးပါဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားတာမျိုးလည်းမရှိပါဘူး။ တကယ်လို့ ကျွန်တော် ကျရှုံးခဲ့ရင်တောင် ကျွန်တော် ကျရှုံးတာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက တစ်စုံတစ်ယောက်က ကျရှုံးခဲ့ပြီးသားမို့လို့ပဲ”

“အဲဒီတော့ ကျွန်တော်တို့ အောင်မြင်ခဲ့ရင်ရော။ ကျွန်တော်တို့ အောင်မြင်တာပေါ့။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုန်းက တစ်စုံတစ်ယောက်ဟာ ကျွန်တော်တို့ လုပ်ခဲ့တဲ့ မှန်ကန်တဲ့အရာမျိုး မလုပ်ခဲ့လို့ပါ။ ကျွန်တော်တို့် တတ်နိုင်သမျှအားလုံး ကြိုးစားသွားမှာပါ။ ဒါပေမယ့် အဲဒီထက်တော့ ပိုပြီး ကြိုးစားလို့မရတော့ပါဘူး”လို့ Sky Sport ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က