မြင့်မားတဲ့အဆင့်မှာ ကစားချင်ကြောင်း ဝန်ခံခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ လက်စတာစီးတီးကြယ်ပွင့် ဂျိမ်းစ်မက်ဒီဆင်က ၎င်းရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပြီး အမြင့်မားဆုံးအဆင့်မှာ ကစားချင်တယ်လို့ ပြောကြားခဲ့ကြောင်း Caughtoffside ရဲ့သတင်းအရ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိမ်းစ်မက်ဒီဆင်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ လက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ခဲ့ပြီးကတည်းက ပရီးမီးယားလိဂ်မှာ တောက်ပလာခဲ့တဲ့ကြယ်ပွင့်ကစားသမားဖြစ်ပါတယ်။

ဂျိမ်းစ်မက်ဒီဆင်ဟာ လက်ရှိအချိန်မှာတော့ ဂါးရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်းခံထားရသူဖြစ်ပြီး လာမယ့် အင်္ဂါနေ့မှာ ကိုဆိုဗိုနဲ့ကစားရမယ့်ပွဲစဉ်မှာ လက်ရွေးစင်ကစားသမားဘဝ ပွဲဦးထွက်ကစားခွင့်ရရှိလိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။


ဂျိမ်းစ်မက်ဒီဆင်ကို ထိပ်တန်းအသင်းကြီးတွေက စိတ်ဝင်စားနေကြပြီး Daily Mirror ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းက ဂျိမ်းစ်မက်ဒီဆင်ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၈၀ နဲ့ ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့လိုနေတဲ့ ပြင်သစ်လက်ရွေးစင်ကြယ်ပွင့် ပေါ့ဂ်ဘာရဲ့နေရာမှာ ကာလရှည်အစားထိုးဖို့အတွက် ဂျိမ်းစ်မက်ဒီဆင်ကို ဖြစ်နိုင်ဖွယ်ပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့အရည်အသွေးက ခွင့်ပြုမယ်ဆိုရင် အမြင့်မားဆုံးအဆင့်မှာ ကစားချင်ပါတယ်”

“ကျွန်တော် စကော့တလန်က ပထမတန်းမှာ ကစားခဲ့တယ်။ ချန်ပီယံရှစ်နဲ့ ပရီးမီးယားလိဂ်မှာ ကစားခဲ့တယ်။ ကျွန်တော် ပိုကောင်းမွန်တဲ့အသင်းမှာ နေရာရဖို့ လုပ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။



က္က