အသင်းဟောင်းကို ပြန်ရောက်လာတာပါ။

ကစားသမားရဲ့ စိတ်ဓာတ် အမြင့်ဆုံး ရောက်နေလို့ မူလ တစ်လခန့် အနားယူရဖို့ ရှိနေရာမှ စောပြီး အသင်းနဲ့ ပူး‌ပေါင်းနိုင်မယ်လို့ မော်ရင်ဟိုက ယုံကြည်နေပါတယ်။

စပါးအသင်းက အငှားနဲ့ အသစ်ခေါ်ယူထားတဲ့ တောင်ပံ တိုက်စစ်မှူး ဂါရတ်ဘေးလ်အနေနဲ့ ဒူးဒဏ်ရာကြောင့် တစ်လခန့် အနားယူရဖို့ လိုအပ်နေပေမယ့်လည်း စိတ်ဓာတ်ပိုင်း အမြင့်ဆုံး ရောက်နေလို့ မျှော်လင့်ထားတဲ့ အချိန် ထက်စောပြီး အသင်းနဲ့ ပူးပေါင်းနိုင်မယ်လို့ နည်းပြ မော်ရင်ဟိုက ယုံကြည်နေပါတယ်။



ဘေးလ်ကတော့ ရီးရဲမက်ဒရစ်အသင်းကို ၂၀၁၃ခုနှစ်က စပါးအသင်းထံကနေပဲ ပြောင်းသွားခဲ့ပြီး အခု ၇နှစ်အကြာ မှာ အသင်းဟောင်းကို အငှားနဲ့ ပြန်ရောက်လာတာပါ။

ဒူးဒဏ်ရာရနေတဲ့အတွက်ကြောင့် အောက်တိုဘာလ နိုင်ငံတကာ ပြိုင်ပွဲများအပြီးမှသာ ကလပ်အသင်းနဲ့ စတင် ပူးပေါင်းနိုင်မယ်လို့ စပါးအသင်းက ကနဦးကြေညာခဲ့ပါတယ်။

ဒါပေမယ့်လည်း - “သူနှလုံးသားထဲမှာ ကလပ်နဲ့ အတူရှိနေရတာ ပျော်နေပါတယ်၊ကျွန်တော်တို့အတွက် ကစားပေး ရမှာကိုလည်း ပျော်ရွှင်နေပါတယ်။ကစားသမားရဲ့ စိတ်ခံစားမှု အမြင့်ဆုံး ရောက်ရှိနေတဲ့အတွက် မျှော်လင့်ထား တာထက်ကို ပိုပြီး မြန်ဆန်စွာ ပြန်လည်သက်သာလာမယ်လို့ ယုံကြည်ပါတယ်။”လို့ နည်းပြ မော်ရင်ဟိုက ဆိုပါ တယ်။

စပါးအသင်းအနေနဲ့ နိုင်ငံတကာပြိုင်ပွဲများ မစတင်မီ ၄ပွဲကစားဖို့ရှိနေပြီး ကာရာဘောင်ဖလားပွဲအဖြစ် လေတန် အောရီးယန့်နဲ့လည်းကောင်း၊ရှခန်ဒီဂျာအသင်းနဲ့ ယူရိုပါလိဂ် ခြေစစ်ပွဲကိုလည်းကောင်း၊နယူးကာဆယ်၊ယူနိုက် တက်တို့နဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တွေကိုလည်းကောင်း အသီးသီး ကစားဖို့ ရှိပါတယ်။

နိုင်ငံတကာ ပြိုင်ပွဲအပြီး ပထမဆုံး စတင်ကစားရမယ့်ပွဲက အောက်တိုဘာ ၁၇မှာ ဝက်စ်ဟမ်းအသင်းနဲ့ ဖြစ်လို့ ဘေးလ် ဘယ်အသင်းနဲ့ ပြန်လည်စတင်ကစားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က