ကားတစ်စီးလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Pyae Phyo Thein

ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့ပွဲမှာ ဝင်ရောက်ကစားခဲ့ပြီး ပွဲအပြီးမှာ အသင်းနဲ့အတူ အောင်ပွဲခံအခမ်းအနားကို ဖာဘင်ဟိုက ဆင်နွှဲနေစဉ်မှာ နေအိမ်ကို ဝင်ရောက်ခိုးသွားခဲ့တာဖြစ်ပါတယ်။ 


လီဗာပူးလ်အသင်းကွင်းလယ်လူဖာဘင်ဟိုဟာ နေအိမ်ကို သူခိုးတွေဝင်ရောက်ခဲ့ပြီးနောက် တန်ဖိုးကြီးပစ္စည်းတွေနဲ့ ကားတစ်စီးအခိုးခံခဲ့ရပါတယ်။ ချယ်လ်ဆီးနဲ့ကစားခဲ့တဲ့ပွဲမှာ ဝင်ရောက်ကစားခဲ့ပြီး ပွဲအပြီးမှာ အသင်းနဲ့အတူ အောင်ပွဲခံအခမ်းအနားကို ဖာဘင်ဟိုက ဆင်နွှဲနေစဉ်မှာ နေအိမ်ကို ဝင်ရောက်ခိုးသွားခဲ့တာဖြစ်ပါတယ်။ 

Formby မှာရှိတဲ့ နေအိမ်တစ်ခုဆီကနေ တိုင်ကြားမှုရရှိခဲ့တယ်လို့ မာဆေးဆိုက်ရဲတပ်ဖွဲ့ကလည်းအတည်ပြုခဲ့ပါတယ်။ အဖိုးတန်လက်ဝတ်လက်စားတွေနဲ့ တန်ဖိုးကြီး Audi RS6 ကားတစ်စီး ခိုးယူခံခဲ့ရကာ ကားကိုတော့ ဝီဂန်ဘက်မှာ ပြန်လည်တွေ့ရှိခဲ့ပြီး ကျူးလွန်သူတွေကိုတော့ ဆက်လက်ရှာဖွေနေရဆဲဖြစ်တယ်လို့ The Telegraph က ဖော်ပြခဲ့ပါတယ်။ 

ရဲတပ်ဖွဲကတော့ ဒီခိုးယူမှုဟာ ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီကနေ ကြာသပတေးနေ့ မနက် ၄ နာရီအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်နိုင်ကြောင်း ယူဆနေပါတယ်။ အဆိုပါအချိန်ကာလအတွင်း ဖာဘင်ဟိုဟာ ချယ်လ်ဆိးနဲ့ပွဲကို ဝင်ရောက်ကစားပေးနေခဲ့ရပြီး အသင်းနဲ့လည်း အောင်ပွဲခံနေတဲ့ အချိန်တွေဖြစ်တာကြောင့် သူခိုးတွေက အခွင့်ကောင်းယူခဲ့တယ်လို့ မှတ်ချက်ပြုခဲ့တာပါ။ 

ဖာဘင်ဟိုအနေနဲ့ အန်ဖီးလ်ကွင်းအတွင်းမှာ အသင်းရဲ့အောင်မြင်မှုတွေကို ပျော်ပျော်ရွှင်ရွှင်ခံစားနေချိန်မှာ နေအိမ်မှာတော့ သူခိုးတွေကဝင်ရောက်သောင်းကျန်းနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလတုန်းကလည်း လီဗာပူးလ်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲကစားနေစဉ်အတွင်းမှာ မာနေးရဲ့နေအိမ်မှာလည်း ဖောက်ထွင်းခံခဲ့ရပြီး အဖိုးတန်နာရီတွေပါသွားခဲ့တယ်လို့ သိရပါတယ်။ 


Author


က္က