မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ ဘန်လေနောက်ခံလူ ဖီးလ်ဘက်စလေနဲ့ ခေါင်းချင်းယှဉ်တိုက် ပီးနောက် အနီကတ်ပြ ထုတ်ပယ်ခံရအပြီးမှာ အသင်းနဲ့အတူ ပရိသတ်တွေကို ပြန်လည်တောင်းပန်မှု ပြုလုပ်သွားခဲ့ပါတယ်။ ပွဲချိန် (၇၁)မိနစ်မှာ ရက်ဖို့ဒ်ဟာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
Photo : ESPN
အလက်ဆစ်ဆန်းချက်ဇ်ရဲ့ နေရာကို ဒုတိယပိုင်း (၆၁)မိနစ်မှာ လူစားဝင်လာခဲ့တဲ့ ရက်ဖို့ဒ်ဟာ (၁၀)မိနစ်အကြာမှာပဲ ကွင်းထဲကနေ ပြန်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်မှာ ကွင်းလယ်ဒိုင် ဂျိုနသန်မော့စ်ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဘက်စလေဟာ ဘောလုံးမရှိချိန်မှာ ရက်ဖို့ဒ်ကို ခြေထောက်နဲ့ ကန်ကျောက်ခဲ့တာ ဖြစ်ပါတယ်။
ကစားသမားဘ၀ ပထမဆုံးအကြိမ် အနီကတ်ထိခဲ့တဲ့ ရက်ဖို့ဒ်
Photo : Rashford Twitter
ဒီအပေါ်မှာ ရက်ဖို့ဒ်က စိတ်မထိန်းနိုင်ဖြစ်ခဲ့ပြီးနောက် ဘက်စလေနဲ့ ခေါင်းချင်းဆိုင်ကာ တိုက်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုနသန်မော့စ်အနေနဲ့ ဘက်စလေကိုပါ အနီကတ်ပြသသင့်တဲ့ အနေထားဖြစ်ပေမယ့်လည်း အဝါကတ်ပြားသား ပြသခဲ့ပြီး ရက်ဖို့ဒ်ကိုတော့ အနီကတ်ပြ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ဘန်လေနောက်ခံလူ မီး ဘောလုံးကို လက်နဲ့ ဖမ်းတားလိုက်တဲ့ အချိန်မှာလည်း မော့စ်ဟာ တစ်စုံတစ်ရာ အရေးယူမှုတွေ မပြုလုပ်ခဲ့ပါဘူး။
Photo : ESPN
"ပြင်းပြထက်သန်တဲ့ စိတ်မျိုးရှိတာက ကျွန်တော့်အတွက်တော့ ကောင်းမွန်ပါတယ်၊ ဒါပေမယ့် ဒီလိုအပြုအမူမျိုးတော့ ကျွန်တော် မပြုလုပ်ခဲ့သင့်ပါဘူး၊ ဒီအတွက်လည်း ကလပ်အသင်းက လူအားလုံးနဲ့ ပရိသတ်အားလုံးကို တောင်းပန်ပါတယ်" လို့ ရက်ဖို့ဒ်က သူ့ရဲ့ တွစ်တာက တဆင့် အမှားအယွင်းအတွက် ပြန်လည်တောင်းပန်သွားခဲ့ပါတယ်။
Photo : Rashford Twitter
ရက်ဖို့ဒ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရသူ ဖြစ်ပြီး စပိန်၊ ဆွစ်ဇာလန်တို့နဲ့ ကစားရမယ့် အင်္ဂလန်အသင်းရဲ့ ပွဲတွေကို ပါဝင်ကစားရဖွယ် ရှိနေပါတယ်။ ဒါပေမယ့်လည်း အနီကတ်ပြစ်ဒဏ်ကြောင့် ရက်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၃)ပွဲဖြစ်တဲ့ ဝက်ဖို့ဒ်၊ ဝက်စ်ဟမ်း၊ ဝုလ်ဗ်တို့နဲ့ ကစားရမယ့် မန်ယူအသင်းရဲ့ ပွဲတွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။